PHP WebDevelopment

Preview

သင်ခန်းစာ Series ထဲမှာ PHP basic (functional programming ) သင်ခန်းစာ ၂၀၀ ခန်းပါဝင်ပြီး PHP intermediate (PHP OOP) သင်ခန်းစာ 135 ခန်းပါဝင်ပါတယ်၊ PHP Advanced သင်ခန်းစာ ၁၃၀ ပါဝင်ပါတယ်၊ လက်တွေ့ PHP Project ၃ နှစ်ခုပါဝင်ပြီး Programming Concepts တွေကို သိရုံသာ သင်ပေးထားခြင်း မဟုတ်ပဲ နားလည် ကျွမ်းကျင် မှုကို လက်တွေ့ အသုံးချ၍ ကိုယ်ပိုင် ဝက်ဆိုဒ်တွေ တည်ဆောက် နိုင်သည် အထိ အဆင့်ဆင့် ရှင်းပြထားသလို လက်တွေ့ Projects တွေကိုလည်း အဆင့်ဆင့် လုပ်ပြထားပါတယ်၊ Project ရေးပြီးသွားရင် Online Server ပေါ်တင်ပြီး မည့်သင့်နိုင်ငံက မဆို ဝင်ကြည့်နိုင်အောင် Publish လုပ်ဖို့ အတွက် Domain Name ဝယ်ယူခြင်း Hosting ဝယ်ယူခြင်း အဆင့်ဆင့် ကိုလည်း ရှင်းပြပေးထားကာ လက်တွေ့ Publish လုပ်ပြထားပါတယ်၊ ဝက်ဆိုဒ် publish ပြီးသွားတာနဲ့ Google Search Engine ကနေ အလွယ်တစ်ကူ ရှာဖွေနိုင်အောင်လို့ Domain Registration လုပ်ပုံကိုလည်း လက်တွေ့ တဆင့် စီ အသေးစိတ် လုပ်ပြထားပါတယ်၊

PHP Intermediate သင်ခန်းစာမှာ PHP ဘာသာရပ်မှာ Support ပေးထားသည့် Object Oriented features တွေအားလုံးကို လေ့လာရမှာဖြစ်တဲ့ အပြင် PHP version 5.3 ကနေ 7.2 အထိ အဆင့်ဆင့် ပြောင်းလဲ ထည့်သွင်းလားသည့် features တွေ အားလုံး ကိုလဲ ရှင်းလင်း သင်ကြားပေးထားပါတယ်၊ Online Shopping Webiste ဖန်တီးတဲ့ Project တစ်ခုပါဝင်ပြီး PHP ပညာရှင်တွေရေးသားပြီး Open Source အနေနဲ့ အလွယ်တစ်ကူ ယူသုံးနိုင်တဲ့ packages တွေကို သိမ်းထားသည့် packages.org ကနေ နှစ်သက်ရာ packages တွေကို ရယူပြီး MVC Design Pattern ကို အသုံးပြုကာ Online Shopping Project တစ်ခု တည်ဆောက်ပုံကို အစအဆုံး သင်ကြားပေးထားပါတယ်၊ ဝက်ဆိုဒ်ကနေ ဝယ်ယူသွားသည့် Customer အကောင့်အား Paypale မှတဆင့် ငွေဖြတ်ယူုခြင်း ကိုလည်း ထည့်သွင်းသင်ကြားပေးထားပါတယ်၊ PHP Advanced သင်ခန်းစာမှာ လက်တွေ့ သာမာန်ထက်များစွာ ပို၍ လေးနက်သည့် Projects များ တည်ဆောက်ရာမှာ အကောင်းဆုံး အထောက်အကူပြုနိုင်သည့် အသုံးအများဆုံး Design pattern 26 မျိုးကိုလည်း သင်ကြားပေးထားပါတယ်၊

PHP Framework သင်ခန်းစာအဖြစ်လည်း Laravel Framework နောက်ဆုံး Update Version ဖြစ်တဲ့ 5.7 ကိုအသုံးပြု၍ ဝက်ဆိုဒ်တစ်ခု အစအဆုံး ဆွဲပုံကို အသေးစိတ် သင်ကြားပေးထားပါတယ်၊ ဝက်ဆိုဒ်ကနေ အခြား ဝက်ဆိုဒ် နှင့် Client Applications များ အတွက် Api များ ထုတ်ပေးခြင်း၊ ဝက်ဆိုဒ်တစ်ခု မှာ User Level အလိုက် Role & Permission ခွဲ၍ ဝက်ဆိုဒ်ထိန်းချုပ်မှု အား ကန့်သတ်ခြင်း၊ ဝက်ဆိုဒ်ကနေ Mobile Application များသို့ Push Message များ လှမ်းပို့ခြင်း၊ ဝက်ဆိုဒ်မှာ Post အသစ်တင်တိုင်း Facebook Page သို့ အလိုလျှောက် Post လှမ်းတင်ခြင်း

PHP intermediate မှာ ဝက်ဆိုဒ်လုံခြုံရေးနှင့် ပါတ်သတ်၍ ကောင်းကောင်း နားလည်အောင် sql injection, XSS Cross-Site Attack, Cross-Site request Forery Attack, Bruce Force attack အသုံးပြုပြီး လက်တွေ့ ဝက်ဆိုဒ်တစ်ခုကို တိုက်ခိုက်နည်း ကိုယ်ရေးထားတဲ့ ဝက်ဆိုဒ်ကို လုံခြုံရေး မပေါက်စေရန် ကာကွယ်နည်းတို့ကိုလည်း လက်တွေ့ အဆင့်ဆင့် တိုက်ခိုက်ပြခြင်း ကာကွယ်ခြင်းတို့ ကိုသင်ကြားပေးထားပါတယ်၊

PHP intermediate မှာ လက်တွေ့ MVC (Model View Controller ) အသုံးပြုပြီး ဝက်ဆိုဒ်တစ်ခုကို အစ အဆုံးရေးတက်အောင် သင်ကြားပေး ထားပါတယ်၊ MVC Design pattern ကို အသုံးပြု၍ ဝက်ဆိုဒ်ရေးသားရာမှာ ပထမအဆင့်အနေနဲ့ Framework Version ကိုတည်ဆောက်၍ ဒုတိယ အဆင့်မှ တည်ဆောက်ထားသော ကိုယ်ပိုင် Framework ပေါ်မှာ ဝက်ဆိုဒ် တည်ဆောက်ခြင်း ကို အဆင့် နှစ်ဆင့် ခွဲပြီး သင်ကြားပေးထားပါတယ်၊

Database နှင့် ပါတ်သတ်၍ mysqli, mysqli oop style, PDO (PHP Data Object) သုံးမျိုးလုံးကို mysql Database အသုံးပြုပြီ CRUD Operation အပြင် Left Join, Right Join, Inner Join, Full Outer Join , Union Join တို့ကိုလည်း သင်ပေးထားပါတယ်၊

သင်ခန်းစာ သင်ကြားရာမှာ Concept တစ်ခုခြင်းစီကို သိရုံ လိုက်လုပ်တက်ရုံ အဆင့် သင်ပေးထားခြင်းမဟုတ်ပဲ Concept တစ်ခုခြင်း စီတိုင်းကို ခံစား နားလည်သွားအောင် Diagram ပုံများ Powerpoints များဖြင့် ပထမအဆင့် Theory သဘောတရားများအား ရှင်းလင်းကာ သဘောပေါက်သွားမှ လက်တွေ့ကုဒ်ရေးပြီး Theory နှင့် လက်တွေ့ကို တွဲဖက်ရှင်းပြထားပါတယ်၊

Brighter Myanmar ကသင်ကြားပေးထားတဲ့ PHP Basic, PHP Intermediate, PHP Advacned, Laravel သင်ခန်းစာ တွေတစ်ခန်းစီရဲ့ အသေးစိတ်အချက်တွေကို 72coder.org ဝက်ဆိုဒ်ရဲ့ online စာမျက်နှာ မှာ အသေးစိတ် ဖတ်ရှု့နိုင်ပါတယ်၊ သင်ခန်းစာတွေကို တကယ် ကျိုးစား လေ့လာ ရင် PHP Web Developer အဖြစ် ရပ်တည်နိုင်မယ်လို့ အာမခံပါတယ်၊