JAVA EE Class

JavaEE Course တွင်ပါဝင်သည့် သင်ခန်းစာများ
  • Basic Concepts
  • Intermediate Concept
  • Servlet & Server Page
  • Spring Framework
  • Hibernate
  • JavaMail

Java Basic Programming
Java Basic Concept သင်ခန်းစာတွင် Java ဘာသာရပ်အား စတင်လေ့လာသူတို့ သိရှိထားရမည့် Java Basic Program တစ်ခုအားတည်ဆောက်ပုံ ၊ Operating System မှ Java Program အား အဆင့်ဆင့် Compile လုပ်၍ Computer မှ နားလည်အလုပ်လုပ်နိုင်သည့် Machine Code များပါဝင်သော Object ဖိုင်များ ပြောင်းပုံ၊ JVM (Java Virtual Machine) မှ Random Access Memory တွင် နေရာယူ၍ Real Time Compilation System အားဖြစ်ပေါ်စေပုံတို့အား အဆင့်မြင့်မြင့်နားလည်စေရန် သင်ကြားပေးခြင်း၊ Syntax ကွဲသော်လည်း Concepts တူသည့်အသုံးအများဆုံး Programming ဘာသာရပ်များ ဖြစ်ကြသည့် C++, Python, Objective C, PHP OOP style တို့နှင့် Java ဘာသာရပ်ယှဉ်၍ရှင်းပြခြင်း၊ထိုရှင်းပြမှုတွင် Java Programmingအား နားလည်သွားပါကအခြား Programming ဘာသာရပ် တို့အားရက်ပိုင်းလေ့လာရုံနှင့်နားလည်ကျွမ်းကျင်သွားနိုင်အောင်လက်တွေ့ရေးပြရှင်းပြခြင်း၊ Programmer တိုင်းသိထားရမည့် data type, variables, operators, class, methods, Stri ng, Array, Control Statements တို့ကို Java Basic Concepts အနေနှင့်လေ့လာသွားရမှာဖြစ်ပါသည်။

Intermediate Concept
Intermediate သင်ခန်းစာအတွက် Class, Method, Objects, String, Characters, Regular Expressions နှင့် Java Patterns များအား နက်နက်နဲနဲ နားလည်သွားအောင် အသေးစိတ်လေ့လာသွားရမှာဖြစ်ပါသည်၊ ဖိုင်များတည်ဆောက်ခြင်း ၊ တည်းဖြတ်ခြင်း ၊ ဒေတာ သိမ်းဆည်းခြင်း ၊ ထုတ်ယူခြင်းတို့အတွက် File handling, ကိုယ်ပိုင် Object အသုံးပြု၍ လုံခြုံရေးထိန်းချုပ်နိုင်ရန်အတွက် Stream & Object Serialization တို့ကိုလည်း နားလည်ကျွမ်းကျင်အောင် လေ့လာသွားရမည်ဖြစ်ပါသည်။

Servlet ကတော့ Server side မှာ အလုပ်လုပ်တဲ့ Java Technology ဖြစ်ပြီးတော့ Dynamic Web Page တွေကိုဖန်တီးဖို့အတွက် အသုံးပြုပါတယ်၊ Java Language အသုံးပြုပြီး တည်ဆောက်ထားတဲ့ Technology ဖြစ်တဲ့အတွက် Server Type ရွေးချယ်ရာမှာ Platform Independent ဖြစ်တယ်၊ Servlet API မှာ Servlet, GenericServlet, HttpServlet, ServletRequest, servletResponse တို့လို Interfaces တွေနဲ့ Classes တွေ အများ ကြီးရှိပါတယ်။

JSP Page ဆိုတာကတော့ tags နဲ့ JSP tags များ ထည့်သွင်းတည်ဆောက်တဲ့ Web စာမျက်နှာတွေကိုဆိုလိုပါတယ်၊ Servlet သီးသန့်ရေးပြီးတည်ဆောက်ထားတဲ့ စာမျက်နှာတွေထက်စာရင် ဒီဇိုင်းအလှဆင်မှုကော ရေရှည်ပြုပြင်ထိန်းသိမ်းမှုတွေမှာပါ JSP page တွေအသုံးပြုခြင်းက အများကြီး အရေးသာပါတယ်၊ JSP page တွေမှာ Expression Languages ကိုလည်း Features တွေအဖြစ်တွေ့နိုင်သလို ကိုယ်ပိုင် Custom Tags တွေကို လည်းတည်ဆောက်နိုင်ပါတယ်၊ JSP နဲ့ပတ်သက်ပြီး အသေးစိတ် လေ့လာသွားရမှာပါ။

Database နဲ့ ချိတ်ဆက်အလုပ်လုပ်တဲ့အခါ ပိုမိုလွယ်ကူစေပြီး Functionalities တွေပြည့်စုံတယ် ORM (Object Relational Mapping) ကိုအသုံးပြုပြီး အလုပ်လုပ်နိုင်ဖို့အတွက် Hibernate framework ကိုအသုံးပြုနည်း အဆင့်ဆင့် သင်ကြားပေးပါတယ်၊ Hibernate Framework ကိုအသုံးပြုခြင်းအားဖြင့် ရှုပ်ထွေးတဲ့ Relational Database များကိုကိုင်တွယ်အလုပ်လုပ်ခြင်း၊ Table join လုပ်ခြင်း Foreign Key သတ်မှတ်၍ ချိတ်ဆက်ခြင်းများနှင့် Dtabase Procedure သတ်မှတ်ခြင်း trigger များဖန်တီး သတ်မှတ်ခြင်းတို့လို လုပ်ငန်းစဉ်တွေကို ပိုမိုလွယ်ကူသွားစေမှာဖြစ်ပါတယ်။

Servlet အသုံးပြုပြီး Functionalities တွေပြည့်စုံတဲ့ ဝက်ဆိုဒ်တွေကို ဖန်တီးရာမှာ ရေးရတဲ့ ကုဒ်တွေများခြင်း Model View Controller Architecture ကိုအသုံးပြုနိုင်သော်လည်း Routing System, Server Rendering, Page Controller များ သတ်မှတ်ခြင်းမှာရှုပ်ထွေးလက်ဝင်လှတဲ့လုပ်ငန်းစဉ်တွေဖြစ်ပါတယ်။ Spring ကတော့ Servlet ကိုပိုမိုလွယ်ကူသွားစေတဲ့ JavaEE Application တွေကို ဖန်တီးရာမှာ အလွန့်ကို လုပ်ငန်းတွင်စေပါတယ်။ Beginner တွေအနေနဲ့ အသုံးများသလို Experts တွေလဲ မသုံးမဖြစ်သုံးကြရပါတယ်၊ Spring က Lightweight Framework ဖြစ်ပြီး သူ့ထဲမှာကို Struts , Hibernate, Tapestry, EJB, JSF တို့လို Framework တွေကို support ပေးထားတဲ့အတွက် Framework တွေရဲ့မိခင်ကြီးကို ဖြစ်နေလို့ ပြည့်ပြည့်စုံစုံရှိလှပါတယ်၊ Spring Framework ကို IOC, AOP, DAO, Context, ORM, WEB MVC တို့လို modules တွေနဲ့ တည်ဆောက်ထားတဲ့အတွက် လက်တွေ့ သင်ခန်းစာတွေမှာ ထို Modules တွေအားလုံးကို လေ့လာသွားရမှာဖြစ်ပါတယ်။

ဝက်ဘ်ဆိုဒ်တည်ဆောက်တဲ့အခါမှာ Single Email ဖြစ်စေ Bulk Email Marketing ဖြစ်စေ ပို့လွှတ်ဖို့လိုပါတယ်၊ ဒီလိုအခါမျိုးမှာ Procotol-independent framework ဖြစ်တဲ့ JavaMail API ကို အသုံးပြုပြီး၊ Mail ပို့ ခြင်း၊ လက်ခံရယူခြင်းတို့ပြုလုပ်နိုင် ပါတယ်။ JavaMail API ကိုလေ့လာရာမှာ core packages တွေဖြစ်တဲ့ java.mail နဲ့ javax.mail.activation packages တွေကိုပါ အသေးစိတ်နားလည်သွား အောင်လေ့လာရမှာပါ။

Java ဘာသာရပ်ကိုအသုံးပြု၍ လုံခြုံရေး အာမခံချက်အပြည့်ရှိသည့် Website များ Dynamic Website များတည်ဆောက် နိုင်ရန် အတွက် JSP, Servlet, JavaScript, WebServices တို့ကို သင်ကြားပေးခြင်း၊ Java Framework များဖြစ်ကြသည့် Spring, Struts, Hibernate, တို့ကို စာတွေ့လက်တွေ့သင်ကြားပေးခြင်း၊ လက်တွေ့ Project အနေနှင့် Banking Website တည်ဆောက်ခြင်း၊ Content Management System အသုံးပြုဝက်ဘ်ဆိုဒ် အား တည်ဆောက်ခြင်းတို့ပါဝင်သွားပါမည်။ Long Running တွင်အခြားဘာသာရပ်များ မယှဉ်နိုင်အောင် Stable ဖြစ်ခြင်း Smooth ဖြစ်ခြင်း တို့အတွက် နားမည်ကြီးသည့် Java Web Development အနှစ်သာရကို သေချာ နားလည်သွားစေရန် သင်ကြားပေးသွားမည်ဖြစ်ပါသည်။

  1. Programmer တစ်ယောက်ဖြစ်ဖို့ လိုအပ်ချက်များ။
  2. ဘာကြောင့် Java Programming ကိုလေ့လာသင့်သလဲ။
  3. ဘယ်အဆင့်ထိရောက်ရင် Java ကို ကျွမ်းကျင်သွားပြီလို့ပြောနိုင်လဲ။
  4. Professional Java Developer တစ်ယောက်ဖြစ်အောင် အဆင့်ဆင့်လေ့လာနည်း။
  5. တစ်လျှောက်အသုံးပြုသွားမည့် IDEs များ နှင့် Resources များ အကြောင်းမိတ်ဆက်။
  6. JDK Install လုပ်ခြင်း။
  7. JDK နှင့် JRE ကွာခြား ချက်။
  8. Text Editor သုံး၍ Simple Java Program တည်ဆောက်ခြင်း။
  9. Java Program အား Compile လုပ်ခြင် Interpret လုပ်ခြင်း။
  10. Java Program Run နိုင်သည့် အခြေအနေရောက်တဲ့အဆင့်ထိ ဆင့်ကဲဖြစ်စဉ်။
  11. Programmer တိုင်းသိသင့်သည့် Programming ဝေါဟာရများ။
  12. NetBean IDE အား ဒေါင်းလုပ်ရယူခြင်း။
  13. NetBean Project တစ်ခုတည်ဆောက်ခြင်း၊။
  14. ပထမဆုံး Project အား Run ကြည့်ခြင်း။
  15. NetBean Workspace အားစိတ်ကြိုက်ပြောင်းလဲခြင်း။
  16. Hello World Program အကြောင်း ရှင်းလင်းချက်။
  17. Variable မိတ်ဆက်။
  18. Data Type မိတ်ဆက်။
  19. Premetive Data Type များအား လက်တွေ့ အသုံးပြုကြည့်ခြင်း (အပိုင်း ၁)။
  20. Premetive Data Type များအား လက်တွေ့ အသုံးပြုကြည့်ခြင်း (အပိုင်း ၂)။
  21. Premetive Data Type များအား လက်တွေ့ အသုံးပြုကြည့်ခြင်း (အပိုင်း ၃)။
  22. Premetive Data Type များအား လက်တွေ့ အသုံးပြုကြည့်ခြင်း (အပိုင်း ၄)။
  23. Variable Typecasting (အပိုင်း ၁)။
  24. Variable Typecasting (အပိုင်း ၂)။
  25. Arithmetic Operator (အပိုင်း ၁)။
  26. Arithmetic Operator (အပိုင်း ၂)။
  27. Relational Operator (အပိုင်း ၁)။
  28. Relational Operator (အပိုင်း ၂)။
  29. Assignment Operator (အပိုင်း ၁)။
  30. Assignment Operator (အပိုင်း ၂)။
  31. Increment And Decrement Operator။
  32. Logical Operator (အပိုင်း ၁)။
  33. Logical Operator (အပိုင်း ၂)။
  34. Conditional Statement (အပိုင်း ၁)။
  35. Conditional Statement (အပိုင်း ၂)။
  36. Ternary Operator (အပိုင်း ၁)။
  37. Ternary Operator (အပိုင်း ၂)။
  38. Switch Statement (အပိုင်း ၁)။
  39. Switch Statement (အပိုင်း ၂)။
  40. What is Looping။
  41. For Loop (အပိုင်း ၁)။
  42. For Loop (အပိုင်း ၂)။
  43. While Loop (အပိုင်း ၁)။
  44. While Loop (အပိုင်း ၂)။
  45. Do While Loop (အပိုင်း ၁)။
  46. Do While Loop (အပိုင်း ၂)။
  47. Break Statement (အပိုင်း ၁)။
  48. Break Statement (အပိုင်း ၂)။
  49. Continue Statement (အပိုင်း ၁)။
  50. Continue Statement (အပိုင်း ၂)။
  51. String Object & Build-in Methods (အပိုင်း ၁)။
  52. String Object & Build-in Methods (အပိုင်း ၂)။
  53. String Object & Build-in Methods (အပိုင်း ၃)။
  54. String Object & Build-in Methods (အပိုင်း ၄)။
  55. String Object & Build-in Methods (အပိုင်း ၅)။
  56. String Object & Build-in Methods (အပိုင်း ၆)။
  57. String Object & Build-in Methods (အပိုင်း ၇)။
  58. String Object & Build-in Methods (အပိုင်း ၈)။
  59. StringBuilder အား အသုံးပြုခြင်း။
  60. StringBuffer အား အသုံးပြုခြင်း။
  61. Method များ တည်ဆောက်အသုံးပြုခြင်း။
  62. အသုံးပြုနိုင်သော Method အမျိုးအစားများ။
  63. Method များနှင့် Arguments များ။
  64. Method Overloading အကြောင်းနားလည်ထားခြင်း။
  65. Variable Scope အား နားလည်ထားခြင်း (အပိုင်း ၁)။
  66. Variable Scope အား နားလည်ထားခြင်း (အပိုင်း ၂)။
  67. Array မိတ်ဆက် ။
  68. Array တည်ဆောက်အသုံးပြုခြင်း။
  69. Arrays များအား Parameters များအဖြစ် Methods များသို့ပေးပို့ခြင်း။
  70. Foreach Loop အကြောင်းနားလည်စေခြင်း။
  71. Multi Dimentional Array မိတ်ဆက်။
  72. Multi Dimentional Array လက်တွေ့တည်ဆောက် အသုံးပြုခြင်း။
  73. OOP မိတ်ဆက် (အပိုင်း ၁)။
  74. Class And Object အကြောင်းနားလည်ခြင်း(အပိုင်း ၁)။
  75. Class And Object အကြောင်းနားလည်ခြင်း(အပိုင်း ၂)။
  76. Class And Object အကြောင်းနားလည်ခြင်း(အပိုင်း ၃)။
  77. Class And Object အကြောင်းနားလည်ခြင်း(အပိုင်း ၃)။
  78. User Input အား အသုံးချခြင်း (အပိုင်း ၁)။
  79. User Input အား အသုံးချခြင်း (အပိုင်း ၂)။
  80. ArrayList မိတ်ဆက် (Collection Framework)။
  81. ArrayList အားလက်တွေ့အသုံးပြုခြင်း (အပိုင်း ၁)။
  82. ArrayList အားလက်တွေ့အသုံးပြုခြင်း (အပိုင်း ၂)။
  83. Call By Value & Class By Refrence (အပိုင်း ၁)။
  84. Call By Value & Class By Refrence (အပိုင်း ၂)။
  85. Class Constructor အားနားလည်ခြင်း။
  86. Constructor Overloading အားနားလည်ခြင်း။
  87. Constructor အကြောင်း ပိုမိုနားလည်ခြင်း၊။
  88. Static keyword အကြောင်း (အပိုင်း ၁)။
  89. Static keyword အကြောင်း (အပိုင်း ၂)။
  90. Enumeration keyword အကြောင်း (အပိုင်း ၁)။
  91. Enumeration keyword အကြောင်း (အပိုင်း ၂)။
  92. This KeyWord အကြောင်း မိတ်ဆက်။
  93. This KeyWord လက်တွေ့အသုံးချခြင်း။
  94. Inheritance အကြောင်း နားလည်ခြင်။
  95. Inheritance လက်တွေ့အသုံးချခြင်။
  96. Super Keyword အားနားလည်ထားခြင်။
  97. Super Keyword အားလက်တွေ့အသုံးချကြည့်ခြင်း။
  98. Polymorphism အား လေ့လာခြင်း(အပိုင်း ၁။
  99. Polymorphism အား လေ့လာခြင်း(အပိုင်း ၂။
  100. Polymorphism အား လေ့လာခြင်း(အပိုင်း ၃။
  101. Polymorphism အား လေ့လာခြင်း(အပိုင်း ၄။
  102. Polymorphism အား လေ့လာခြင်း(အပိုင်း ၅။
  103. Polymorphism အား လေ့လာခြင်း(အပိုင်း ၆။
  104. ဘာတွဆက်လေ့လာမလဲ။
  1. Collection FrameWork မိတ်ဆက်။
  2. ArrayList အာလေ့လာခြင်း။
  3. LinkedList and the List Interface တို့အကြောင်း။
  4. ArrayList နှင့် LinkedList တို့ကွာခြားချက်။
  5. HashSet Class အားလေ့လာခြင်း။
  6. LinkedHashSet Class အားလေ့လာခြင်း။
  7. TreeSet Class အားလေ့လာခြင်း။
  8. PriorityQueue Class အားလေ့လာခြင်း။
  9. Map Interface အားလေ့လာခြင်း။
  10. HashMap Class အားလေ့လာခြင်း။
  11. LinkedHashMap Class အားလေ့လာခြင်း။
  12. TreeMap Class အားလေ့လာခြင်း။
  13. Hashtable Class အားလေ့လာခြင်း။
  14. HashMap နှင့် Hashtable တို့ကွာခြားချက်။
  15. Sorting ပြုလုပ်၍ အစီအစဉ်ချခြင်း။
  16. Comparable Interface အားလေ့လာခြင်း။
  17. Comparator Interface အားလေ့လာခြင်း။
  18. Comparable နှင့် Comparator တို့ကွာခြားချက်။
  19. ArrayList နှင့် Vector တို့ကွာခြားချက်။
  20. Sorted Maps နှင့် the Map Interface အားလေ့လာခြင်း။
  21. Sets အားလေ့လာခြင်း။
  22. Sets နှင့် Maps တို့တွင် ကိုယ်ပိုင် Objects များထည့်သွင်းအလုပ်လုပ်ခြင်း။
  23. Comparators အသုံးပြု၍ List Sorting ပြုလုပ်ခြင်း။
  24. Natural Ordering နှင့် the Comparable Interface။
  25. Queues အားလေ့လာခြင်း။
  26. Complex Data Structures အားလေ့လာခြင်း။
  27. ဘယ် Java Collection အားအသုံးပြုမလဲ ဆုံးဖြတ်ခြင်း။
  28. Iterable Interface အားအသုံးပြုခြင်း; Downloading Web Pages။
  29. Iterators အသုံးပြုပုံ အသေးစိတ်။
  30. Threads များအား စတင်လေ့လာခြင်း။
  31. အခြေခံ Thread Synchronization။
  32. Synchronized Keyword အသုံးပြုခြင်း။
  33. Synchronized Code Block အားအသုံးပြု၍ Multiple Locks တည်ဆောက်ခြင်း။
  34. Thread Pools အားလေ့လာခြင်း။
  35. Countdown Latches အားလေ့လာခြင်း။
  36. Producer-Consumer အားလေ့လာခြင်း။
  37. Wait and Notify အားလေ့လာခြင်း။
  38. Low-Level Synchronization အားလက်တွေ့ တည်ဆောက်အသုံးပြုခြင်း။
  39. Re-entrant Locks အားလေ့လာခြင်း။
  40. Deadlock အားလေ့လာခြင်း။
  41. Semaphores အားလေ့လာခြင်း။
  42. Callable အားလေ့လာခြင်း။
  43. Interrupting Threads အားလေ့လာခြင်း။
  1. Setting Up Your System

    1. Hello World Servlet
    2. A Hello World JSP
    3. Deployment Descriptors- the Web.xml File
    4. Deploying Your Application to a Local Server
    5. Deploying Your Application to the Internet -- For Free
  2. Nuts and Bolts

    1. Importing Java Classes Into JSPs
    2. Getting URL Parameters
    3. Scripting HTML
    4. Including Files In Other Files
    5. Forwarding and Redirecting
    6. The Declaration Tag
    7. JSP Tags Summary
    8. Model 1 vs. Model 2 Architecture
    9. Using External APIs in Web Application
    10. The Servlet Lifecycle
  3. Beans and Forms

    1. JSP Beans
    2. Beans and Scope
    3. Setting Bean Properties Using Parameters
    4. Forms
    5. HTTP Posts
    6. Using Beans to Store Form Data
    7. Adding Validation to Beans
    8. Self-Validating Forms
    9. Validating Forms Using MVC Architecture
  4. Some Useful Objects

    1. The Session Object
    2. URL Rewriting- Supporting Sessions Without Cookies
    3. The Servlet Context Object
    4. Getting Initialisation Parameters from web.xml
    5. Scoped Objects Review
    6. Cookies
  5. Database

    1. Connecting to a Database
    2. Setting Up a JNDI Data Source
    3. Querying Databases
    4. Inserting Data Into Database
  6. Sending Email

    1. Sending Email - Prerequisites
    2. Sending Emails with the Mail API
  7. JSTL

    1. Beginning JSTL- Hello World JSTL
    2. Accessing Bean Values in JSTL
    3. Getting URL Parameters in JSTL
    4. The JSTL "if" Statement
    5. The Choose Tag in JSTL
    6. The foreach loop in JSTL
    7. Referencing Java Objects in JSTL
    8. JSTL Implicit Objects
    9. Using Maps in EL
    10. Outputting Variables- The c-out Tag vs. Using EL Directly
    11. forEach- Iterating Through Lists
    12. Using External Files- Graphics, CSS, etc
    13. Reusable Fragments Using JSTL c-import
    14. SQL Queries with JSTL
    15. Setting Variables in JSTL
    16. Expressions in EL
    17. Creating URLs With JSTL
    18. Wildcards and Getting a Single Row in JSTL
    19. JSTL Functions
    20. SQL Updates and Transactions in JSTL
    21. Formatting Using JSTL
    22. Custom Tags
  8. Spring

    1. Getting Started
    2. What is Spring?
    3. Settin Up Your System
    4. Introducing Maven
    5. Using Maven on the Command Line
    6. Spring Hello World
    7. Class Path Contexts
  9. Basic Bean Configuration

    1. Constructor Arguments
    2. Setting Bean Properties
    3. Dependency Injection
    4. Bean Scope
    5. Init and Destroy Methods
    6. Factory Beans and Methods
    7. The P Namespace
    8. Setting List Properties
    9. Lists of Beans
    10. Inner Beans
    11. Property Maps
    12. Arbitrary Maps as Bean Properties
  10. Autowiring

    1. Autowiring by Type
    2. Autowiring by Name
    3. Autowiring by Constructor
    4. Default Autowiring
    5. Remove autowire Ambiguities
  11. Wiring with Annotations

    1. Adding Support for Annotation-Based Wiring
    2. The "Autowired" Annotation
    3. Optional Beans
    4. Using Qualifiers
    5. The Resource Annotation (JSR-250)
    6. Annotation-Based Init and Destroy Methods
    7. The Inject annotation (JSR-330)
    8. Automatic Bean Discovery
    9. Setting Property Values via Annotations
  12. Spring Expression Language

    1. Introducing SPEL
    2. Using SPEL with Annotations
    3. Some useful SPEL Operators
  13. Working with Databases

    1. Creating a Database with MySQL
    2. Using Property Files
    3. Implementing the DAO Pattern
    4. Downloading a Connector Jar
    5. Configuring Connection Pooling with Apache DBCP
    6. JDBC Templates
    7. Querying the Database
    8. Database Exceptions
    9. Named Parameters
    10. Update Statements
    11. Getting Placeholder Values from Beans
    12. Adding an Update Method to the Downloading
    13. Batch Updates- Prepared Statements
    14. Transactions
  14. Web Application Basics with Spring MVC

    1. A Basic Non-Spring Web App
    2. Bringing in Maven
    3. The Dispatcher Servlet
    4. Adding a Controller
    5. View Resolvers
    6. Adding Data to the Sessions
    7. Using Spring Data Models
    8. Using JSTL (JSP Standard Tag Library)
    9. Configuring a JNDI Data Source
    10. Bringing in the DAO Code
    11. Loading Bean Containers with ContextLoaderListener
    12. Creating a Datasource Bean
    13. Adding a Service Layer
    14. Adding a New Controller
    15. Getting URL Parameters
  15. Working with Web Forms

    1. Creating a Form
    2. Getting Form Values
    3. Adding CSS Styles
    4. Serving Static Resources
    5. Adding Hibernate Form Validation Support
    6. More Form Validation Tags
    7. Making Forms Remember Values
    8. Displaying Form Validation Errors
    9. Creating a Custom Validation Annotation
    10. Hooking Up the Controller and Database Code
    11. Exception Handling in Spring MVC
  16. Aspect-Oriented Programming (AOP)

    1. A Base Project for Working with Aspects
    2. A Simple Aspect Example
    3. Annotation-Based Aspects
    4. Wildcards in Pointcut Expressions
    5. Advice Types - After, Around and Others
    6. Proxies, Interfaces and Aspects
    7. The “Within” Pointcut Designator
    8. “This”, “Target” and Matching Subpackages
    9. Annotation-Specific PCDs
    10. The “Bean” PCD
    11. The “Args” PCD
    12. Getting Target Method Arguments
    13. Getting Arguments Using “Args”
    14. Combining Pointcuts
    15. Introductions - Adding Functionality Using Aspects
  17. Spring Security and Managing Users

    1. Servlets Filters - A Review
    2. Adding a Spring Security Filters
    3. Adding a Spring Login Form
    4. Serving Static Resources - Access Rules
    5. Customising the Login Form
    6. Displaying Login Errors
    7. Authorising Users from a Database
    8. Adding a “Create Account” Form
    9. Making the “Create Account” Form Work
    10. Adding Validation to the User Form
    11. Dealing with Duplicate Usernames
    12. Storing Validation Messages in a Property File
    13. Using JQuery to verify the password
    14. Using Property File Values in JSPs
    15. Adding a Logout Link
    16. Working With Roles
    17. Outputting Text Based on Authentication Status
    18. Row Mapping with BeanPropertyRowMapper
    19. Using Custom Authentication Queries - Case Sensitive Usernames
    20. Method-Level Access Control
    21. Catching Secure Annotation Violations
    22. Adding “Remember Me” Functionality
    23. Encrypting Passwords
  18. Apache tiles and Spring MVC

    1. Tiles Dependencies
    2. “Hello World” Apache Tiles
    3. Adding Headers and Footers
    4. Formatting the Offers Application
    5. Creating Tiles from JSP Files
  19. Logging and Testing

    1. Adding Log4J Logging
    2. Resolving Logging Conflicts
    3. Using Logging
    4. Creating a MySQL Test Database
    5. Using Spring Profiles
    6. Creating JUnit Tests
    7. Coding the JUnit DAO Tests
  20. Improving the Application

    1. Normalizing the Database
    2. Querying Tables with Foreign Keys and Refactoring the DAO Layer
    3. Refactoring the Web Layer
    4. Getting the Username of the Logged-In User
    5. Deleting from Tables with Foreign Keys and a Little Bugfix
    6. Custom RowMappers
    7. Conditional Database-Dependent Text in JSPs
    8. Editing Database Objects with Forms
    9. Multiple Form Submits and Optional Parameters
    10. Adding a Confirm Dialog with JQuery
  21. Hibernate

    1. Introducing Hibernate
    2. A Simple Hibernate Query
    3. Saving Objects
    4. Validation Groups and Password Encryption
    5. Translating Hibernate Exceptions to Spring Exceptions
    6. Queries with Criteria
    7. Mapping Many-to-One Relationships
    8. Restrictions on Joined Tables
    9. Multiple Criteria
    10. Updating Objects
    11. Deleting Objects
    12. Completing the Offers DAO
  22. Spring Webflow

    1. Introducing Webflow
    2. Creating a Flow Registry
    3. Hooking Up URLs to Webflows
    4. Connecting Webflow and Apache Tiles
    5. Creating a “Messages” Table.mp4
    6. Creating a “Message” Class
    7. Adding a Message Form.mp4
    8. Transitions
    9. Action States
    10. Linking to Webflows
    11. Validating Webflow Forms
    12. Accessing User Details in Webflow
  23. JSON and AJAX

    1. Creating a JSON Server
    2. Updating Dynamically with jQuery
    3. Generating Pages with Javascript
    4. Adding Reply Boxes
    5. Showing and Hiding the Reply Forms
    6. Stopping and Starting the Timer
    7. Getting the Text from the Right TextArea
    8. Posting Back JSON Data
    9. Giving the User Feedback
    10. Sending Email with Springmail
  • Online ငွေပေးခြေသည့် စနစ်ပါဝင်သော Music Store applicaiton တစ်ခုဖန်တီးခြင်း
  • Function အပြည့်အစုံး ပါဝင်သည့် Blog System တစ်ခု ဖန်တီးခြင်း

အောက်ပါ SECTION ၄ ခုမှ နှစ်သက်ရာ Section ၁ ခုကို ရွေးချယ် တက်ရောက်နိုင်သည်။ တနင်္လာ မှ သောကြာ အထိ တက်ရောက်ပါက တစ်ပတ် ၅ ရက် တစ်ရက် ၂ နာရီ တက်ရမည်။ စနေ တနင်္ဂနွေ တက်ပါက တစ်ပတ် ၂ ရက် တစ်ရက် ၄ နာရီတက်ရမည်။


 သင်တန်းချိန်

Section 1 => Mon-Fri => 4PM to 6PM

Section 2 => Mon-Fri => 6PM to 8PM

Section 3 => Sat-Sun=> 11AM to 3PM

Section 4 => Sat-Sun=> 3PM to 7PM


 ရန်ကုန် သင်တန်းနေရာ
Brighter Myanmar
48-C ၊ ဒုတိယထပ်စံရိပ်ငြိမ် 2 လမ်းနှင့် 3 လမ်းကြား၊
အင်းစိန်လမ်းမ၊လှည်းတန်း၊ကမာရွတ်မြို့နယ်၊
=> 09 259165884, 09 772906583, 09 773122760
 မန္တလေး သင်တန်းနေရာ
Brighter Myanmar
84 လမ်း 39-40 ကြား၊ မဟာအောင်မြေရပ်ကွက်၊
မန္တလေးမြို့၊
=> 09 259165884, 09 772906583, 09 773122760

  • သင်တန်းကြေး  =>  ၃ သိန်း
    သင်တန်းကာလ  =>  ၃ လ
သင်ကြားမည့် ဆရာများ
  1. Waiferkolar
  2. Cracky Shine
  3. Min Thet Naing
  4. Hnin Nwe
  5. Wai Yan
  6. Than Zaw
  7. Myo Thant Kyaw
  8. Kyaw Htike
  9. Aung Pyae Paing
  10. Thu Rein Soe
  11. Sai Lou Kham
  12. Nay Lin Oak
လစဉ်သင်တန်းခွဲများ ဖွင့်လှစ်သင်ကြားပေးပါသည်။

အဓိက လိုအပ်ချက်မှာ နားမလည်သည့်အချက်အား ချက်ချင်းမေး၍ လက်တွေ့ လိုက်လုပ်ရန် ၊ ပြန်လည်လေ့ကျင့်ရန်ဖြစ်ပါသည်၊ သင်ကိုယ်တိုင်ကြိုးစားလျှင် ပညာရပ်မှာ ခက်ခဲလွန်းသည့်ဘာသာရပ်မဟုတ်၍ မတတ်စရာ အကြောင်းမရှိပါ၊ သင်ကြားမှုအား ရှင်းလင်းတိကျစေရန်အာမခံပါသည်။ နေ့စဉ်သင်ကြားသမျှကို ဗွီဒီယို သင်ခန်းစာအဖြစ်ကော၊ PowerPoint ဖိုင်များအပါအ၀င် နေ့စဉ် roadmap ဖိုင်များအဖြစ်ပါ သင်ခန်းစာ သင်ပြီးတိုင်း ပေးသွားမည်ဖြစ်၍ ပြန်လည်လေ့ကျင့်ရာတွင် ဆရာတစ်ယောက်က ရှေ့တွင်လာရှင်းပြသကဲ့သို့ လွယ်ကူစွာ လေ့လာသွားနိုင်မည် ဖြစ်ပါသည်၊ သင်တန်းပြီးဆုံးပါက သင်ထားသည့် သင်ခန်းစာများအား ကောင်းကောင်း လိုက်လုပ်နိုင်၊ ဖြန့်ကျက်တွေးခေါ်နိုင်လျှင် 72coder Software Developer co.ltd တွင် အလုပ်ပြန်လုပ်နိုင်သလို 72coder ကုမ္ပဏီ နှင့်ချိတ်ဆက်ထားသော ပြည်ပကုမ္ပဏီများတွင် အလုပ် လုပ်ကိုင်လိုပါကလည်း ချိတ်ဆက် အလုပ်သွင်းပေးမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက ကြိုးစားလေ့လာသူများ ဖြန့်ကျက်တွေးခေါ်နိုင်သူများကို ဆန္ဒရှိပါက အလုပ်ပြန်ခန့်အပ်သွားမှာဖြစ်ပြီး ကနဦး Job Training ၃ လ ဆင်းရပါမယ်၊ တစ်လကို ၁ သိန်း ၅ သောင်း ခံစားခွင့်ရှိပါတယ်၊ Job Training ပြီးရင်တော့ လစာ ၂ သိန်း ၅ သောင်းကစပြီး အလုပ်ဝင်ရမှာဖြစ်ပါတယ်၊ လစာဆက်လက်တိုးပေးပုံကိုလည်း လူကိုယ်တိုင် အသေးစိတ် လာရောက်တိုင်ပင် မေးမြန်းနိုင်ပါတယ်။

ကျွန်တော်တို့ ကိုယ်တိုင် Software Development ကုမ္ပဏီတည်ဆောက်ပြီး Japan နိုင်ငံမှ Outsource များ ရယူ ရေးသားပေးနေသလို ပြည်တွင်း Projects များကိုလည်း လက်တွေ့ လုပ်ကိုင်နေသည့် အဖွဲ့အစည်းဖြစ်ပါတယ်၊ လက်တွေ့လုပ်ငန်းခွင်မှာ Web Designer တစ်ယောက်၊ Web Developer တစ်ယောက်၊ Programmer တစ်ယောက်အနေနဲ့ ဘယ်လို အရည်အချင်းတွေလိုအပ်မယ် ဘယ်အတိုင်းအတာထိ ကြိုးစားအားထုတ်မှုရှိရမယ် ဆိုတာကို အသေးစိတ် သင်ပြနိုင်တဲ့ လက်တွေ့ အတွေ့အကြုံတွေရှိပါတယ်၊ သင်တန်းတက်ရောက်သူများကိုလဲ အရည်အချင်းပြည့်အောင် ဖြည့်ဆည်းပေးပြီး သေချာ လိုက်ကြိုးစား သူတွေကို ကျွန်တော်တို့နဲ့ အတူ အလုပ်တွဲဖက်လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးထားပါတယ်၊ ကျွန်တော်တို့နဲ့ လက်တွေ့ အလုပ်တွဲလုပ်လိုသည်ဖြစ် စေ ၊ ကိုယ်ပိုင် ရပ်တည်လိုသည်ဖြစ်စေ အရည်အသွေးပြည့်ဝတဲ့ Designer တွေ Developer တွေဖြစ်အောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ သင်တန်းကိုလာရောက်ပြီး လူကိုယ်တိုင်စကားပြောကြည့်နိုင် ဆွေးနွေးကြည့်နိုင်ပါတယ်၊ IT ပညာရပ်တွေကိုလေ့လာပြီး သင်တန်းလဲ ပြီးကော ဘာလုပ်ရမှန်း မသိ အတွေ့အကြုံ မရှိလို့ အလုပ်မလျှောက်နိုင် ဖြစ်နေတဲ့ လေ့လာသူတွေဘဝကို ကျွန်တော်တို့ကောင်းကောင်းနားလည်ပါတယ်၊ သင်ထားတာက တစ်ခု အလုပ်မရလို့ ဘဝရပ်တည်မှုအတွက် အဆင်ပြေရာ အလုပ်တစ်ခုဝင်လုပ်ရင်း IT နဲ့ အလှမ်းဝေးသွားတဲ့ လေ့လာသူတွေကို ကူညီဖို့အတွက် ကျွန်တော်တို့ သင်တန်းကိုဖွင့်လှစ်သင်ကြားပေးခြင်းပါ၊ ကျွန်တော်တို့ အနေနဲ့ ပြည်တွင်းပြည်ပမှ Projects များများရအောင် အစဉ်အမြဲ ကြိုးစားနေပါတယ်၊ ရလာတဲ့ Projects တွေကိုလည်း ကျွန်တော်တို့ သင်တန်းကျောင်းမှာ တက်တဲ့ ကျောင်းသားတွေကို ပြန်လည်လုပ်ကိုင်စေခြင်းအားဖြင့် ရေရှည် ခိုင်မာ ရပ်တည်နိုင်အောင် အစဉ်အမြဲ ကြိုးစားနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်၊ ဆရာတစ်ယောက်ချင်းစီရဲ့ အရည်အချင်း ၊ အတွေ့အကြုံ ၊ လက်တွေ့ လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းများအားလုံးကို လည်း 72coder.org Website မှာ အသေးစိတ်ကြည့်ရှု့လေ့လာနိုင်ပါတယ်၊ သင်ကြားသွားမယ့် သင်ခန်းစာ စာရင်းတွေကိုလည်း 72coder.org ရဲ့ သက်ဆိုင်ရာ သင်ခန်းစာ ခေါင်းစဉ်အောက်မှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။