Android Advanced

Android Advanced ရန်ကုန်/မန္တလေး

Android Developer တစ်ယောက် ဖြစ်ဖို့ လိုအပ်သည့် အရည်အချင်းများ

  • Process, Multi Threading, AsynTask
  • 2D Game Development & 3D Game Intro
  • Android Keyboard Development
  • Root Access & System App
  • Server Socket နှင့် HTTPURL Class များ တည်ဆောက်၍ Server-Client များ Data Rendering လုပ်ခြင်း JSON Parssing & XML parsing
  • Application Uploading & Making Money

  အဆင့်မြင့် Background Process များအား ထဲထဲဝင်ဝင် နားလည်စေရန် Process, Multi Threading နှင့် AsynTask တို့အကြောင်းလေ့လာသွားရမည်၊ ML ဘာသာရပ်ကိုပါ အသုံးချနည်း တွဲဖက်သင်ကြားပေးသွားမည့်အပြင် Android Framework သာ နားလည်ကျွမ်းကျင်ရုံတင်မဟုတ်ဘဲ Android Internal ကိုပါ သဘောပေါက်အောင် ထည့်သွင်းရှင်း လင်းသင်ကြားပေးသွားမည်ဖြစ်သည်၊

  Game Developer တစ်ယောက်ဖြစ်ဖို့အတွက် လိုအပ်သည့် Game Concepts များဖြစ်သော Texture Rendering လုပ်ခြင်း၊ SpriteBatch Memory allocation လုပ်ခြင်း Render လုပ်ခြင်း၊ Bitmap Font Rendering လုပ်ခြင်း dispose လုပ်ခြင်း Pixmap rendering လုပ်ခြင်း၊ TextureAtlas များ ဖန်တီးခြင်း Rendring လုပ်ခြင်း OrthographicCamera Camera အား Vector2, Vector3 တို့နှင့်တွဲဖက်၍ အသေးစိတ်အသုံးပြုခြင်း၊ Game Applicaiton အတွက် Sound & Music ဖန်တီးခြင်း အသုံးပြုခြင်း၊ Stage တစ်ခုလုံးအား Rendering လုပ်ခြင်း Actor များတည်ဆောက် အသုံးပြုခြင်း၊ GameStageManager ကဲ့သို့သော Abastract Library တည်ဆောက်ခြင်း animation ဖန်တီးခြင်း Overlap 2D အသုံးပြုခြင်း တို့ကို အဆင့်မြင့်မြင့် လေ့လာသွားရမှာဖြစ်ပြီး၊ လက်တွေ့ Project အနေနဲ့ ရောင်းချနိုင်သည့် အဆင့်ရှိသည့် Game Project နှစ်ခုကိုတည်ဆောက် သွားရမှာဖြစ်ပါတယ်၊ တက်မြောက်မှု အာမခံ၍ သင်ကြားပေးသွားမှာလည်းဖြစ်ပါတယ်၊ 3D Game Developer ကို Vertices, Sharder Rendering လုပ်ပုံ Animation များ ဖန်တီးပုံအဆင့်များအထိသာလေ့လာသွားရမှာဖြစ်ပါတယ်၊

  Root Application များတည်ဆောက်၍ မြန်မာစာထည့်သွင်းခြင်း၊ System Applicaiton များ ဖန်တီးကာ စိတ်ကြိုက် AOSP project အားခိုင်းစေခြင်း၊ System လုပ်ငန်းစဉ် များအား Application မှ စိတ်ကြိုက် လုပ်ကိုင်ကြည့်ခြင်း၊ Andorid Debug Bridge Protocol အား အသုံးချ၍ Android ADB Server သို့ ဖုန်းမှကော ကွန်ပြူတာမှပါ adb commands များ လှမ်းပို့၍ System လုပ်ငန်းစဉ်များအား လုပ်ကိုင်ခြင်း၊ မြန်မာစာထည့်သွင်းခြင်း တို့ကိုပါလေ့လာသွားရမှာဖြစ်ပါတယ်၊

  Server-Socket applications များဖန်တီး၍ ဖုန်းမှ ကွန်ပြူတာသို့ လုပ်ငန်းစဉ်များ ခိုင်းစေခြင်း၊ HTTP URLconnection အသုံးပြု၍ Mobile မှ server သို့ Data Request များတောင်းကာ Return Data များအား Rendering လုပ်ခြင်း ကိုလေ့လာသွားရမှာဖြစ်ပြီးတော့ လက်တွေ့အနေနဲ့ Clinet Side အတွက် Java, Server Side အတွက် PHP သုံး၍ API အနေနဲ့ JSON ဘာသာရပ်အား အသုံးပြုကာ လက်တွေ့ Android Registration System တစ်ခုကို Develop လုပ်သွားရမှာဖြစ်ပါတယ်။ ထို့ပြင် မတူညီသည့် Programming ဘာသာရပ်များကိုအသုံးပြုသည့်အခါ JSON API အား ကြားခံဘာသာရပ်အဖြစ်သုံးကာ Data Rendering ပြုလုပ်ခြင်း၊ JSON နှင့် XML Parasing တို့အကြောင်း အသေးစိတ်လေ့လာခြင်း၊

  Input Method Framework အားလေ့လာ၍ Fragment များအသုံးပြုကာ အဆင့်မြင့် Android Keyboard System တစ်ခုတည်ဆောက်ခြင်းကိုလဲ အဆင့်မြင့်မြင့် လေ့လာသွားရမှာဖြစ်ပြီး လက်တွေ့ PlayStore မှာ တင်ပြီး Product အဖြစ်ထုတ်နိုင်သည့် အဆင့်အထိလေ့လာသွားရမှာဖြစ်ပါတယ်။

  Applicaiton တည်ဆောက်ပြီးသွားရင် Developer Account ဖွင့်ပြီး Application ကို Playstore မှာ တင်နည်း၊ Free Product အဖြစ်ထုတ်မည့် Applicaiton ကို ဝင်ငွေရအောင် Admods အသုံးပြု၍ ကြေငြာထည့်သွင်းခြင်း ကိုလည်း အသေးစိတ် သင်ကြားသွားပေးမှာဖြစ်ပါတယ်၊

  Android Development သင်ရိုး အများစုကို Google က Support ပေးထားတဲ့ APIs တွေအပေါ်မူတည်ပြီးတည်ဆောက်ထားကြတာပါ၊ ဒီတော့ Brighter Myanmar က သင်မယ့် Android သင်ရိုးကလည်း Android APIs တွေကို အမှီပြုပြီး ထို APIs တွေထဲမှာ ပါဝင်တဲ့ components တစ်ခုချင်းစီကို ကျောင်းသားတွေ စိတ်ဝင်စားအောင် နားလည်သဘောပေါက် လွယ်အောင် Component တစ်ခုစီအတွက် Target ထားတဲ့ Application အသေးလေးတွေဖန်တီးပြီး သင်ကြားပေးတဲ့ စနစ်ပါပဲ၊ function တစ်ခု (သို့) တစ်ခုထက်ပိုပြီးပါဝင်တဲ့ Applications ပေါင်း ၁၀၀ ကျော်ကို သင်တန်းချိန်ကော လက်တွေ့သင်တန်းကာလမှာပါ တည်ဆောက်လေ့လာသွားရမှာ ဖြစ်ပါတယ်၊ ဒါပေမယ့် Brighter Myanmar က သင်ကြားမယ့် Android Development မှာ ထူးခြားပြီး သာမန်ထက် ကောင်းမွန်စေတဲ့စနစ်တွေလဲ ပါဝင်ပါတယ်၊ သာမန် စနစ်မှာ သင်ကြားတဲ့သင်ခန်းစာတွေက Google က Android Version အလိုက် Support ပေးထားတဲ့ APIs တွေပါဝင်မှာဖြစ်ပါတယ်၊ ထူးခြားတာကဘာလဲ၊ မတူညီတဲ့ ခြားနားချက်ကို သိဖို့ အတွက် ကျေးဇူးပြုပြီး အောက်က အချက်တွေကိုသေချာ ဖတ်စေချင်ပါတယ်၊

  Android Background Processing အား အသေးစိတ်နားလည်စေခြင်း
ဥပမာ သင်တည်ဆောက်တဲ့ Application က function အပြည့်အစုံပါတဲ့ Application ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ အမှားအယွင်းမရှိတည်ဆောက်ထားရင် အဲ့ဒီ့ Application ကို Run တဲ့အချိန်မှာ Android ဖုန်းထဲမှာ ထည့်သွင်းပြီး အလိုလျှောက် Run ပေးမှာပါ၊ ပုံမှန်အားဖြင့် တည်ဆောက်လိုက်တဲ့ Application ကို Run လို့ရခြင်းဆိုတာ အောင်မြင်မှုဖြစ်ပေမယ့် နောက်က Processing ကို အတိအကျ နားလည်တယ်လို့တော့ မပြောနိုင်ပါဘူး၊ ရေးထားတဲ့ project ကို apk ဖိုင်ဖြစ်အောင် ဘယ်ပုံဘယ်နည်းတည်ဆောက်လဲ၊ ထို apk ဖိုင်ကို ဘယ်နည်းနဲ့ Android Phone ထဲကို ရောက်အောင် ထည့်သွင်းသွားတာလဲ ဆိုတာ သတိမထားမိရင် သာမန်လုပ်ငန်းစဉ်ဖြစ်ပေမယ့် သတိထားပြီးရှင်းပြတဲ့သူရှိရင်တော့ အတော့်ကို စိတ်ဝင်စားစရာကောင်းလှပါတယ်၊ ဒီ့အတွက် Brighter Myanmar သင်တန်းက ကျောင်းသားတွေပထမဆုံးတည်ဆောက်တဲ့ Application တစ်ခုကို Android ဖုန်းမှာ Install လုပ်ပြီဆိုတာနဲ့ Apk ဖိုင်တည်ဆောက်တဲ့ processing ၊ ရလာတဲ့ apk ဖိုင်ကို Android Debug Bridge အားအသုံးပြုပြီး Android ဖုန်းက adbd နဲ့ ချိတ်ဆက်ကာ sdcard ထဲရှိ temp ဖိုင်ထဲသို့ data transfer လုပ်နည်း၊ application ကို shell user အနေနဲ့ adb command အသုံးပြုကာ install လုပ်နည်း၊ အသုံးပြုသွားတဲ့ Media Transfer Protocol ၊ အခြား အသုံးပြုနိုင်သေးတဲ့ HTTP protocol, PTP protocol တို့အကြောင်း စသဖြင့် ဖြစ်စဉ်တစ်ခု ဘာကြောင့် ဘယ်လို အဆင့်ဆင့် ဖြစ်သွားလည်းဆိုတာကို သာမန်နားလည်ရုံတင်မဟုတ်ဘဲ အသေးစိတ်သဘောပေါက်အောင်ရှင်းပြပေးပါတယ်၊ သင်ကြားတဲ့ သင်ခန်းစာတိုင်းကို အရင်ဆုံး Code မရေးခင် Theory သဘောတရားကို နားလည်အောင် PowerPoint Animation အသုံးပြု၍ ဆင့်ကဲဖြစ်စဉ်များအား ရှင်းပြခြင်း၊ သင်တန်းအတွင်းရှင်းပြစဉ်မှာ နားလည်ပေမယ့် သင်တန်းပြီးလို့ အိမ်ပြန်ရောက်ရင် ဘယ်က အစပြန်ဖော်ရမလဲ ဆိုတာ မသိတဲ့ ပြဿနာမျိုးမဖြစ်စေဖို့အတွက် သင်ကြားသမျှ သင်ခန်းစာတိုင်းအတွက် Video သင်ခန်းစာများ လုပ်ထားပြီး ကိုယ်ပိုင် Self Study ပြန်လုပ်တဲ့အခါ ထိုင်ကြည့်ရုံနဲ့ နားလည်သွားအောင် ကူညီပေးထားပါတယ်၊ နေ့စဉ်သင်ခန်းစာတွေအတွက် Paper Work ကိုလဲ ထုတ်ဝေပေးသွားမှာဖြစ်ပါတယ်၊ သာမန်တတ်မြောက်ရုံတင်မဟုတ်ဘဲ နီးစပ်ရာ အသိုင်းအ၀ိုင်းကို ပြန်သင်ပေးရင်ဖြစ်စေ သင်တန်း ပြန်ဖွင့်လိုရင်ဖြစ်စေ လိုအပ်မယ့် Data တွေအားလုံး အပြည့်အစုံဖြစ်အောင် ထောက်ပံ့သွားမှာဖြစ်ပါတယ်၊ Background Processing ကို နားလည်တတ်မြောက်ခြင်းက Android Developer ချင်းတူတောင် Application ရေးရုံတင်မဟုတ်ဘဲ မိမိလုပ်နေတဲ့လုပ်ငန်းစဉ်ရဲ့ ဆင့်ကဲ ဖြစ်စဉ်တွေကို နားလည်ထားတဲ့အတွက် လုပ်ငန်းခွင်မှာ အခြား Developers တွေထက်ပိုပြီး အဆင့်မြင့်စေမှာပါ၊ ဒီလိုပဲ Application ကို Install လုပ်တဲ့အခါ မအောင်မြင်တာတို့ Application စပွင့်တာနဲ့ Crash ဖြစ်တာတို့လို ပြဿနာမျိုးကို ကုဒ်ဘယ်အစိတ်အပိုင်းက ပြဿနာဖြစ်စေတာလဲကို Logcat အသုံးပြုပြီး tracking လိုက်တဲ့အခါ ကုဒ်ကိုမကြည့်ပဲ ဘယ် Component မှာ အမှားဖြစ်လဲ ဆိုတဲ့ ပြဿနာကို ချက်ချင်း သိနိုင်သွားမှာပါ၊

  Android Event Driving System အားနားလည်ခြင်း
Android ရဲ့ Hardware Button တွေဖြစ်တဲ့ Power Button, Up Arrow Button, Down Arrow Button (သို့) Software user Interface Button ကိုနှိပ်ရင်ဖြစ်စေ အခြား UI components တွေကို Click (သို့) Long Click နှိပ်သည်ဖြစ်စေ Events တွေဖြစ်ပေါ်ပါတယ်၊ Event တွေရဲ့ ဖြစ်စဉ်ကို နားလည်အောင် ရှင်းပြတာက တစ်ပိုင်းပါ၊ ဒါပေမယ့် ထို နားလည်ခြင်းကိုယ်တိုင်ကို ကန့်သက် ပမာဏ အတွင်းနားလည်ခြင်းဖြစ်ပါတယ်၊ အတွင်းကျကျနားလည်ဖို့အတွက်က AOSP (Android Open Source Project) ရဲ့ Event Handling System ကိုနားလည်ထားဖို့လိုသလို၊ Touch Events System Framework ကိုလည်းနားလည်ထားဖို့လိုပါတယ်၊ ပုံမှန်တော့ Button (သို့) Android UI component တစ်ခုကို သတ်မှတ်တာ၊ Register.jar ကနေ auto generate လုပ်တဲ့ hex code ကို ပြ၊ ပြီးရင် Listener တစ်ခုထည့်ပြီးနားထောင်၊ Event ပေါ်မှုတည်ပြီး call back function အလုပ်လုပ်တော့ ၀မ်းသာ၊ ဒီလောက်ပါပဲ၊ ဒါပေမယ့် တကယ့် ဖြစ်စဉ် တွေက ဒီလောက်နဲ့ မပြီးပါဘူး၊ Android မှာ Focus based နဲ့ Position-based ဆိုပြီးကွဲပါတယ်၊ focus based က Key Event နဲ့ trackball event တွေအတွက် အလုပ်လုပ်ပြီးတော့ Position-based ကတော့ x/y coordinate တွေအတွက်အလုပ်လုပ်ပါတယ်၊ သေချာနားလည်ရင် စိတ်ဝင်စားစရာကောင်းလှတဲ့ Touch System Event Propagation ကို နားလည်ထားရင် ဒွိဟလုံးဝ မရှိပဲ ရှင်းရှင်း ကြီးကို ဖြစ်စဉ်ကို သဘောပေါက် ပြီးမြင်နေမှာပါ၊ သေချာ နားလည်ထားရင် Touch Event ကို ကိုယ်ပိုင် style နဲ့ intercept လုပ်နိုင်ပါတယ်၊ (အဆင့်မြင့်ပေါ့)၊ တချို့ကိစ္စတွေက အပေါ်ယံပိုင်းနားလည်ပြီး ရှင်းသလိုဖြစ်နေတတ်ပါတယ်၊ ပြည့်စုံသလိုဖြစ်နေတော့ သူ့နောက်က ရှုပ်ထွေးနက်နဲတဲ့ ဖြစ်စဉ်တွေရှိနေတယ်ဆိုတာတောင် လက်ခံဖို့ ခက်ခဲနေတတ်ပြီး ကိုယ်သိထားတာက လုံလောက်နေတယ်လို့ ထင်သွားနိုင်ပါတယ်၊ ကန့်သတ်ပမာဏ တစ်ခုသာ နားလည်တတ်မြောက်ထားသူအတွက် ကန့်သတ်ပမာဏထဲမှာ လုပ်ငန်းအားလုံး အဆင်ပြေနေပြီး ထိုထက်ပိုတွေးဖို့ ခက်ခဲတတ်ပါတယ်၊ Brighter Myanmar သင်တန်းမှာ သင်ကြားတဲ့အခါ Android Application Development ကျွမ်းကျင်ရုံတင်မဟုတ်ဘဲ Android Hacking , Android Internal Architectures တွေကိုပါ ကျွမ်းကျင်တဲ့ ဆရာမှ သင်ကြားပေးမှာဖြစ်တဲ့အတွက် ပြည့်စုံကြွယ်ဝတဲ့ ရှင်းလင်းချက်တွေနဲ့ ပြည်တွင်းပြည်ပ စိတ်ကြိုက် အစမ်းသပ်ခံနိုင်တဲ့ သင်ကြားရေးစနစ်ကိုတွေ့ရမှာပါ၊ သင့်ဘက်ကသာ တကယ် ကြိုးစားလေ့လာဖို့ တာဝန်ယူပါ။ သင်တန်းပြီးသွားရင် ပြည်တွင်းပြည်ပ မည်သည့်လုပ်ငန်းခွင်မှာမဆို ပညာရေးနဲ့ ပတ်သက်ပြီး နည်းနည်းမှ မသိမ်ငယ်စေရဘူးလို့အာမခံပါတယ်၊ အလုပ်ရဖို့ အဆင့်လောက်က သေးသိမ်လွန်းပါတယ်၊ ပညာရှင်အဖြစ် ရပ်တည်နိုင်အောင် သင်ကြားပေးမှာပါ။

  Root Application တည်ဆောက်ခြင်း နှင့် နားလည်စေခြင်း
Root application တည်ဆောက်တဲ့အခါမှာ Process နဲ့ ProcessBuilder တို့ကိုအသုံးပြုပြီး ကိုယ်ပိုင် Shell Execution Class ကို အစအဆုံးတည်ဆောက်သွားမှာဖြစ်သလို Chainfire Module ကိုအသုံးပြုပြီးတော့လဲ root permission ရရှိတဲ့ Application ကိုတည်ဆောက်ခြင်းတို့ကိုလေ့လာသွားမှာပါ၊ လေ့လာတဲ့အခါမှာ Background Working Thread အတွက် AsynTask ကို အသုံးပြုပြီး အမြဲတမ်း Refresh လုပ်နေနိုင်တဲ့ System Application ကိုတည်ဆောက်ခြင်း၊ အခြား Applications တွေကို အလိုလျှောက် ဖျက်ပစ်ခြင်း၊ အခြား Applications တွေရဲ့ Dex ဖိုင်တွေကို Decode လုပ်ကာ System အား ထိခိုက်စေမည့် permission ပါမပါစစ်ဆေးခြင်း Super user ဟုတ်မဟုတ် စစ်ဆေးခြင်း၊ Secret Data Upload & Download လုပ်တဲ့ ကုဒ်တွေ ပါမပါ စစ်ဆေးခြင်း တို့ကို လေ့လာသွားရမှာဖြစ်သလို၊ Message ပို့တာနဲ့ Application အား Install လုပ်ခြင်း၊ Application တစ်ခုအား ဖျက်ပစ်ခြင်း၊ System ဖိုင်များအားဖျက်ပစ်ခြင်းတို့လို လုပ်ငန်းစဉ်မျိုးကို လုပ်နိုင်တဲ့ Applications များရေးသားခြင်းကိုလည်း လေ့လာသွားရမှာပါ၊ သာမန်ထက်ထူးခြားတဲ့အခြား root users တွေလုပ်ဆောင်ခွင့်ရှိတဲ့ လုပ်ငန်းစဉ်အားလုံးကိုရှင်းပြသွားပြီး အများစုကို လက်တွေ့ ထည့်သွင်း အသုံးပြုသွားမှာပါ။

  Android Code Singing Architecture
Application တည်ဆောက်ပြီးသွားရင် ကိုယ်ပိုင် ၀က်ဘ်ဆိုဒ်က ဖြစ်စေ အခြားဆိုဒ်များမှဖြစ်စေ publish လုပ်ကြသလို Play Store မှာ Application ကိုတင်ပြီးတော့လည်း မျှဝေကြတာရှိပါတယ်၊ အဲ့ဒီလို Share ဖို့အတွက်တော့ သက်ဆိုင်ရာ IDEs တွေမှာရေးထားတဲ့ Code တွေကို compile လုပ်ပြီး၊ APK ဖိုင်ရလာအောင်ဖန်တီးပြီး ထို apk ဖိုင်တွေကို Export လုပ်ကြပါတယ်၊ Testing Version မှာ Code Singing လုပ်တဲ့နည်းနဲ့ PlayStore မှာ တင်ဖို့အတွက် Code singing လုပ်ခြင်းတို့မတူကြပါဘူး၊ debug mode နဲ့ release mode တို့ကွာခြားချက်ပါ၊ Export လုပ်တဲ့အခါမှာ အသုံးပြုဖို့အတွက် ထုတ်ပေးတဲ့ Sha1, MD5 တို့လည်းမတူညီပါဘူး၊ သူတို့က ဘာတွေလဲ ဘယ်လိုသုံးလဲ စသဖြင့် ကွာခြားချက်တွေကိုလည်း အသေးစိတ်နားလည်ထားဖို့လိုပါတယ်၊ Google Service Framework ကို Install လုပ်တဲ့အခါ အလိုအလျှောက် System Application အဖြစ် Install လုပ်သွားတာကိုတွေ့ရမှာပါ၊ ဒါပေမယ့် အခြား Applications တွေအတွက်တော့ System Application အဖြစ် Install လုပ်ဖို့က root မဖောက်ထားရင် မဖြစ်နိုင်ပါဘူး။ ဘာလို့ ဒီလိုကွာခြားတာလဲ၊ System Application ဖြစ်အောင် ရေးလို့ရနိုင်သလား၊ ဒီအချက်တွေကိုလည်း Brighter Myanmar Android Development Course မှာ အသေးစိတ်ရှင်းပြသွားမှာဖြစ်သလို လက်တွေ့ Applications တွေတည်ဆောက်ပြီး စမ်းသပ်ပြသွားမှာပါ။

  Dependencies, .jar, Module များအသုံးပြုခြင်း
Eclipse မှာတော့ .jar ဖိုင်တွေကို Libraries ဖိုင်တွေအဖြစ်ထည့်သွင်းပြီး အခြား Developers တွေ အဆင်သင့် တည်ဆောက်ထားတဲ့ Functions တွေကို ယူသုံးရတာရှိပါတယ်၊ ဥပမာ QR code တို့ Bar Code တို့ကို Scan ဖတ်ဖို့အတွက် functionalities လိုလာတာမျိုးဆို Google ရဲ့ Zxing Library ကိုခေါ်သုံးရတာရှိသလို အခြား projects တွေကိုလည်း Dependencies ထည့်သွင်းပြီး Github လို ဆိုဒ်မျိုးကနေ ခေါ်သုံးရတာမျိုးရှိပါတယ် (Android Studio IDE)၊ ဒီလိုပဲ Facebook နဲ့ Twitter တို့ Tomatoes APIs တို့ကိုသုံးလိုတဲ့အခါ Developer အကောင့်ဖန်တီး Security Key ယူပြီး ကိုယ်ပိုင် project မှာထည့်သွင်းတည်ဆောက်ရတာမျိုးလည်းရှိပါတယ်။ ဒါတွေကိုလက်တွေ့နားလည် အသုံးပြုနိုင်ဖို့ အတွက်ကော Android Studio အတွက်ကော Eclipse အတွက်ပါ .jar libraries တွေ ထည့်သွင်းအသုံးပြုခြင်း ကိုယ်ပိုင်တည်ဆောက်ခြင်းတို့ကိုလည်း လေ့လာသွားရမှာပါ၊ အချို့ အချက်တွေက မသိသူတွေအတွက် မဖြစ်နိုင်လောက်အောင် ခက်ပေမယ့် ရှင်းပြပေးမယ့် ဆရာနဲ့ လက်တွေ့ လုပ်ကိုင်မှု ပေါ်မူတည်ပြီး အလွန်လွယ်ကူနေတာကိုတွေ့ရမှာပါ။

  Input Method Framework အားနားလည်စေခြင်း
Input Method Framework ကိုတော့ Android Keyboard တည်ဆောက်ရာမှာ အသုံးပြုပါတယ်၊ နားမလည်ရင် စတင်တည်ဆောက်ရခက်သလို နားလည်တဲ့သူတွေအတွက်တော့ Android Keyboard ရေးဖို့က အလွန့်ကိုလွယ်ကူလှပါတယ်။ ရေးသားတဲ့နည်းအများစုမှာ Google က Android Version အလိုက် ထောက်ပံ့ပေးထားတဲ့ Sample Projects တွေကို (အချို့တော့ Modified လုပ်မထားလို့မပါဘူး) override လုပ်တဲ့နည်းကိုသုံးပါတယ်၊ Input Method Framework ကိုလေ့လာရာမှာ Keyboard တည်ဆောက်ဖို့အတွက် အဓိက ဖြစ်ပေမယ့် Input Method Framework Architecture ကို အကောင်းဆုံးနားလည်ပြီး တည်ဆောက်တတ်သွားအောင် သင်ကြားပေးသွားမှာပါ။ ကိုယ်ပိုင် Keyboard တည်ဆောက်ရာမှာလဲ ပိုမိုပြည့်စုံစေတဲ့ Functionalitiesတွေကိုထည့်သွင်းတည်ဆောက် သွားမှာဖြစ်ပါတယ်၊ နားလည်ကျွမ်းကျင်တဲ့ဆရာရဲ့ရှင်းပြပေးမှုနဲ့အတူ Android Keyboard လွယ်ကူစွာတည်ဆောက်နိုင်သွားမှာဖြစ်သလို Input Method Framework ကို ရှင်းရှင်းလင်းလင်း နားလည်ပြီး စိတ်ကြိုက် Functions တွေကို ထည့်သွင်းသွားနိုင်မှာပါ။

  ဘာကြောင့် Android ကိုလေ့လာရမလဲ
Android က Open Source ဖြစ်သလို Google ရဲ့ full skill project လည်းဖြစ်ပါတယ်၊ တိမ်ကောသွားဖို့ လမ်းမမြင်တဲ့အပြင် ရှေ့မှာ Android သုံးတဲ့ Operating System လဲထွက်လာပြီး ဆက်လက်ထွက်ရှိလာဖို့လည်းရှိနေပါတယ်၊ Remix OS လို Android OS ထွက်လာတော့ မကြာမီ stable ဖြစ်တဲ့ Android သုံး ကွန်ပြူတာ OS တွေပေါ်လာတော့မှာပါ၊ Smart Phone တွေမှာ မှ မဟုတ်ဘဲ အခြား Embedded System တွေမှာပါ Android အသုံးပြုနိုင်တဲ့အတွက် ကျွမ်းကျင်ထားတဲ့သူတွေအတွက်တော့ လုပ်ငန်းအခွင့်အလမ်းတွေပိုပြီးများလာနေပြီး များလာဆဲလည်းဖြစ်ပါတယ်၊ အချို့က Web Base Android Development တွေဖြစ်ပေမယ့် Native Language လောက် smooth မဖြစ်လို့ ကုမ္ပဏီတွေအနေနဲ့ အသုံးပြုခြင်းမရှိပါဘူး၊ ဒီနောက်ပိုင်းမှာ Google က NDK ကိုပိုပြီး အဆင့်မြင့်လာတယ်ဆိုပေမယ့် Java ကိုလုံးဝ ဖြုတ်လိုက်နိုင်ဖို့တော့ အလှမ်းဝေးနေဆဲပါ၊ Application Development က လွယ်ကူလှပါတယ်၊ ဒါပေမယ့် Internal System ကိုလေ့လာဖို့ အတွက်တော့ မလွယ်ကူပါဘူး၊ လေ့လာရာမှာလည်း သာမန် Application တည်ဆောက်တတ်ရုံအဆင့်မဟုတ်ဘဲ Background Processing နဲ့ API architectures တွေကို ကျွမ်းကျင်နားလည်ခြင်း ရှိဖို့လိုအပ်ပါတယ်၊ Brighter Myanmar သင်တန်းတက်မှတော့မဟုတ်ပါဘူး၊ Application တည်ဆောက်နည်းကော ထို Application ကော AOSP ပေါ်မှာပါ မှီခိုပြီးဖြစ်ပျက်နေတဲ့ Processing အကြောင်းကိုပါ ပညာရှင်ဆန်ဆန် သင်ပေးနိုင်တဲ့ မည်သည့် သင်တန်းမဆို တက်ရောက်သင့်ပါတယ်၊ ဒီလိုရေးလို့ ဒီလို ဖြစ်တယ် သိရုံတင်လောက်ကတော့ တကယ်မလုံလောက်ပါဘူး၊

  1. Material Color Palette အသုံးပြုနည်း
  2. Android Units(dp,px,sp) တို့ကို နားလည်သဘောပေါက်စေခြင်း
  3. Bitmap များကို အဆင့်မြင့်မြင့်အသုံးပြုနည်း
  4. Vector Drawable Support Library အကြောင်းလေ့လာခြင်း
  5. Vector Drawable အကြောင်းလေ့လာခြင်း:Download Link
  6. Advance ListView ကိုလေ့လာခြင်း တတိယအဆင့်(အပိုင်း၁)
  7. Advance ListView ကိုလေ့လာခြင်း တတိယအဆင့်(အပိုင်း၂)
  8. Advance ListView ကိုလေ့လာခြင်း တတိယအဆင့်(အပိုင်း၃)
  9. ListView Optimization ကိုလေ့လာခြင်း
  10. List Fragment အကြောင်းလေ့လာခြင်း
  11. Dialog Fragment အကြောင်းလေ့လာခြင်း(အပိုင်း၁)
  12. Dialog Fragment အကြောင်းလေ့လာခြင်း(အပိုင်း၂)
  13. SQLite Database ကိုသုံး၍ Database ဆောက်ခြင်း(အပိုင်း၁)
  14. SQLite Database ကိုသုံး၍ Database ဆောက်ခြင်း(အပိုင်း၂)
  15. SQLite Database ကိုသုံး၍ Database ဆောက်ခြင်း(အပိုင်း၃)
  16. SQLite Database ကိုသုံး၍ Database ဆောက်ခြင်း(အပိုင်း၎)
  17. SQLite Database ကိုသုံး၍ Database ဆောက်ခြင်း(အပိုင်း၅)
  18. SQLite Database ကိုသုံး၍ Database ဆောက်ခြင်း(အပိုင်း၆)
  19. SQLite Database ကိုသုံး၍ Database ဆောက်ခြင်း(အပိုင်း၇)
  20. XML Animation အကြောင်းလေ့လာခြင်း (အပိုင်း၁)
  21. XML Animation အကြောင်းလေ့လာခြင်း (အပိုင်း၂)
  22. XML Animation အကြောင်းလေ့လာခြင်း (အပိုင်း၃)
  23. XML Animation အကြောင်းလေ့လာခြင်း (အပိုင်း၎)
  24. XML Animation အကြောင်းလေ့လာခြင်း (အပိုင်း၅)
  25. XML Animation အကြောင်းလေ့လာခြင်း (အပိုင်း၆)
  26. XML Animation အကြောင်းလေ့လာခြင်း (အပိုင်း၇)
  27. XML Animation အကြောင်းလေ့လာခြင်း (အပိုင်း၈)
  28. XML Animation အကြောင်းလေ့လာခြင်း (အပိုင်း၉)
  29. XML Animation အကြောင်းလေ့လာခြင်း (အပိုင်း၁၀)
  30. XML Animation အကြောင်းလေ့လာခြင်း (အပိုင်း၁၁)
  31. Android keyboard ရေးသားနည်းအဆင့်ဆင့်အားလေ့လာခြင်း (အပိုင်း၁)
  32. Android keyboard ရေးသားနည်းအဆင့်ဆင့်အားလေ့လာခြင်း (အပိုင်း၂)
  33. Android keyboard ရေးသားနည်းအဆင့်ဆင့်အားလေ့လာခြင်း (အပိုင်း၃)
  34. Android keyboard ရေးသားနည်းအဆင့်ဆင့်အားလေ့လာခြင်း (အပိုင်း၎)
  35. Android keyboard ရေးသားနည်းအဆင့်ဆင့်အားလေ့လာခြင်း (အပိုင်း၅)
  36. Android keyboard ရေးသားနည်းအဆင့်ဆင့်အားလေ့လာခြင်း (အပိုင်း၆)
  37. Android keyboard ရေးသားနည်းအဆင့်ဆင့်အားလေ့လာခြင်း (အပိုင်း၇)
  38. Android keyboard ရေးသားနည်းအဆင့်ဆင့်အားလေ့လာခြင်း (အပိုင်း၈)
  39. Android keyboard ရေးသားနည်းအဆင့်ဆင့်အားလေ့လာခြင်း (အပိုင်း၉)
  40. Android keyboard ရေးသားနည်းအဆင့်ဆင့်အားလေ့လာခြင်း (အပိုင်း၁၀)
  41. Process အကြောင်းလေ့လာခြင်း(အပိုင်း၁)
  42. Process အကြောင်းလေ့လာခြင်း(အပိုင်း၂)
  43. Process အကြောင်းလေ့လာခြင်း(အပိုင်း၃)
  44. Process အကြောင်းလေ့လာခြင်း(အပိုင်း၎)
  45. Multithreading ကိုနားလည်စေခြင်း(အပိုင်း၁)
  46. Multithreading ကိုနားလည်စေခြင်း(အပိုင်း၂)
  47. Multithreading ကိုနားလည်စေခြင်း(အပိုင်း၃)
  48. Multithreading ကိုနားလည်စေခြင်း(အပိုင်း၎)
  49. UI and NoUI Thread Communication အကြောင်းကို လေ့လာခြင်း
  50. HttpUrlConnection အကြောင်းအသေးစိတ်ရှင်းလင်းခြင်း
  51. Handler ကိုနားလည်စေခြင်း(အပိုင်း၁)
  52. Handler ကိုနားလည်စေခြင်း(အပိုင်း၂)
  53. Handler ကိုနားလည်စေခြင်း(အပိုင်း၃)
  54. Handler ကိုနားလည်စေခြင်း(အပိုင်း၎)
  55. Handler and image download ကိုနားလည်စေခြင်း
  56. Asynctask ကိုနားလည်စေခြင်း(အပိုင်း၁)
  57. Asynctask ကိုနားလည်စေခြင်း(အပိုင်း၂)
  58. Asynctask ကိုနားလည်စေခြင်း(အပိုင်း၃)
  59. Asynctask ကိုနားလည်စေခြင်း(အပိုင်း၎)
  60. Asynctask ကိုနားလည်စေခြင်း(အပိုင်း၅)
  61. Asynctask ကိုနားလည်စေခြင်း(အပိုင်း၆)
  62. Asynctask ကိုနားလည်စေခြင်း(အပိုင်း၇)
  63. Asynctask ကိုနားလည်စေခြင်း(အပိုင်း၈)
  64. Asynctask ကိုနားလည်စေခြင်း(အပိုင်း၉)
  65. Asynctask ကိုနားလည်စေခြင်း(အပိုင်း၁၀)
  66. Online Login System အကြောင်းကိုနားလည်စေခြင်း
  67. push notification ကိုနားလည်စေခြင်း(အပိုင်း၁)
  68. push notification ကိုနားလည်စေခြင်း(အပိုင်း၂)
  69. Recycler View ကို အဆင့်မြင့်မြင့်အသုံးပြုနည်း(အပိုင်း၁)
  70. Recycler View ကို အဆင့်မြင့်မြင့်အသုံးပြုနည်း(အပိုင်း၂)
  71. Recycler View ကို အဆင့်မြင့်မြင့်အသုံးပြုနည်း(အပိုင်း၃)
  72. Recycler View ကို အဆင့်မြင့်မြင့်အသုံးပြုနည်း(အပိုင်း၎)
  73. Recycler View (Section) ကိုအဆင့်မြင့်မြင့်အသုံးပြုနည်း(အပိုင်း၅)
  74. Recycler View ကို animation နှင့်တွဲဖက်လေ့လာခြင်း(အပိုင်း၁)
  75. Recycler View with animation ကို လေ့လာခြင်း(အပိုင်း၂)
  76. RecyclerView OnClick အကြောင်းလေ့လာခြင်း
  77. RecyclerView onItemClick အကြောင်းလေ့လာခြင်း
  78. RecyclerView onItemClick အကြောင်းလေ့လာခြင်း
  79. Swipe Refresh Layout ကိုလေ့လာခြင်း
  80. Footer အတွက် Swipe ပိတ်ခြင်းကိုလေ့လာခြင်း
  81. Android DateUtils အားအသုံးပြု၍ app တည်ဆောက်ခြင်း(အပိုင်း၁)
  82. Android DateUtils အားအသုံးပြု၍ app တည်ဆောက်ခြင်း(အပိုင်း၂)
  83. Android DateUtils အားအသုံးပြု၍ app တည်ဆောက်ခြင်း(အပိုင်း၃)
  84. Dialog Box ကို activity တွင်တည်ဆောက်နည်း လေ့လာခြင်း(အပိုင်း၁)
  85. Dialog Box အကြောင်း activity တွင်တည်ဆောက်နည်း လေ့လာခြင်း(အပိုင်း၂)
  86. Dialog Box အကြောင်း xml တွင်တည်ဆောက်နည်း လေ့လာခြင်း
  87. Motion Event အကြောင်းလေ့လာခြင်း(အပိုင်း၁)
  88. Motion Event အကြောင်းလေ့လာခြင်း(အပိုင်း၂)
  89. Motion Event အကြောင်းလေ့လာခြင်း(အပိုင်း၃)
  90. onTouchEvent အကြောင်းလေ့လာခြင်း(အပိုင်း၁)
  91. onTouchEvent အကြောင်းလေ့လာခြင်း(အပိုင်း၂)
  92. onTouchEvent အကြောင်းလေ့လာခြင်း(အပိုင်း၃)
  93. onTouchEvent အကြောင်းလေ့လာခြင်း(အပိုင်း၎)
  94. Date Picker ကိုလေ့လာခြင်း(အပိုင်း၁)
  95. Date Picker ကိုလေ့လာခြင်း(အပိုင်း၂)
  96. Custom Widget XML Layout ကိုလေ့လာခြင်း
  97. Custom Widget Date Picker View ကိုလေ့လာခြင်း
  98. Custom Widget Java ဘက်မှလေ့လာခြင်း
  99. Custom widget ၏ State ကိုသိမ်းဆည်းခြင်း
  100. Material Design များအား external library မသုံးဘဲတည်ဆောက်နည်းလေ့လာခြင်း(အပိုင်း၁)
  101. Material Design များအား external library မသုံးဘဲတည်ဆောက်နည်းလေ့လာခြင်း(အပိုင်း၂)
  102. Material Design များအား external library မသုံးဘဲတည်ဆောက်နည်းလေ့လာခြင်း(အပိုင်း၃)
  103. Material Design များအား external library မသုံးဘဲတည်ဆောက်နည်းလေ့လာခြင်း(အပိုင်း၎)
  104. Material Design များအား external library မသုံးဘဲတည်ဆောက်နည်းလေ့လာခြင်း(အပိုင်း၅)
  105. Material ToolBar တည်ဆောက်အသုံးပြုနည်း(အပိုင်း၁)
  106. Material ToolBar တည်ဆောက်အသုံးပြုနည်း(အပိုင်း၂)
  107. Material ToolBar တည်ဆောက်အသုံးပြုနည်း(အပိုင်း၃)
  108. Material ToolBar တည်ဆောက်အသုံးပြုနည်း(အပိုင်း၎)
  109. Material ToolBar (Menu) တည်ဆောက်အသုံးပြုနည်း(အပိုင်း၅)
  110. Navigation Drawer တည်ဆောက်အသုံးပြုနည်း(အပိုင်း၁)
  111. Navigation Drawer တည်ဆောက်အသုံးပြုနည်း(အပိုင်း၂)
  112. Navigation Drawer (Material Design)တည်ဆောက်အသုံးပြုနည်း(အပိုင်း၃)
  113. Navigation Drawer (Material Design) တည်ဆောက်အသုံးပြုနည်း(အပိုင်း၎)
  114. Navigation Drawer (Material Design) တည်ဆောက်အသုံးပြုနည်း(အပိုင်း၅)
  115. Hide FAB when Navigation Drawer is Open လေ့လာခြင်း
  116. Android Navigation View တည်ဆောက်အသုံးပြုနည်း(အပိုင်း၁)
  117. Android Navigation View (Groups and Headers) တည်ဆောက်အသုံးပြုနည်း(အပိုင်း၂)
  118. OnNavigationItemSelectedListener Example လေ့လာခြင်း
  119. Android TextInputLayout,SanckBar,Floating Action Button များအကြောင်းလေ့လာခြင်း
  120. Android Job Scheduler API အကြောင်းလေ့လာခြင်း
  121. Android Job Scheduler API ကို example နှင့်တကွလေ့လာခြင်း
  122. RecyclerView,SQLite,JobScheduler,Volley Libraryကို example နှင့်တကွလေ့လာခြင်း
  123. JSON အကြောင်းလေ့လာခြင်း
  124. JSONObject Request များအကြောင်းလေ့လာခြင်း
  125. JSONObject Request (Volley Library) များအကြောင်းလေ့လာခြင်း
  126. JSON Parsing (Volley Library) အကြောင်းလေ့လာခြင်း
  127. JSON Parsing (Bulletproof coding) အကြောင်းလေ့လာခြင်း
  128. RecyclerView,Volley နှင့် JSON ပေါင်းစပ်ကာ WebService တည်ဆောက်လေ့လာခြင်း
  129. Status Bar Customization အကြောင်းလေ့လာခြင်း(အပိုင်း၁)
  130. Status Bar Customization အကြောင်းလေ့လာခြင်း(အပိုင်း၂)
  131. SlidingTab Layout အကြောင်းလေ့လာခြင်း(အပိုင်း၁)
  132. SlidingTab Layout အကြောင်းလေ့လာခြင်း(အပိုင်း၂)
  133. SlidingTab Layout အကြောင်းလေ့လာခြင်း(အပိုင်း၃)
  134. Activity Transition အကြောင်းလေ့လာခြင်း(အပိုင်း၁)
  135. Activity Transition အကြောင်းလေ့လာခြင်း(အပိုင်း၂)
  136. Activity Transition(shared element) အကြောင်းလေ့လာခြင်း(အပိုင်း၃)
  137. GPS Tracker တည်ဆောက်အသုံးပြုနည်း Project
  138. HTTP URL Connection ကိုသေချာစွာနားလည်စေသော Project
  139. Advanced Music Player တည်ဆောက်အသုံးပြုခြင်း
  140. Server & Socket ကိုလက်တွေ့ အသုံးချပြထားသော အဆင့်မြင့် Project
  141. Spy Tracker ကိုသေချာစွာနားလည်စေသော Project
  142. Google Mapper & Find Me (GoogleMap Api ကိုကောင်းစွာနားလည်စေသော လက်တွေ့ Project)
  143. Android Encoder & Decoder (encoding and decoding အကြောင်းသေချာစွာရှင်းလင်းသွားစေမည့်Project)
  144. Android Keyboard ကို fragment အသုံးပြုရေးသားနည်း အဆင့်ဆင့်ပါဝင်သော အဆင့်မြင့် Project
  145. Service & Download Manager (FileUpload-Download)
  146. Android ADB & Root ဖောက်နည်းပါဝင်သော Project
  147. Android Widget ပြုလုပ်သော အဆင့်မြင့် Project
  148. Style & Theme Mastering (ကိုယ်ပိုင်တည်ဆောက်နို်င်အောင်အဓိကရှင်းလင်းထားသော Project)
  149. Android JSON Parser ကိုကောင်းစွာနားလည်စေသော လက်တွေ့ Project
  150. Android XML Parser ကိုကောင်းစွာနားလည်စေသော လက်တွေ့ Project
  151. Recyclerview ကိုအသေးစိတ်နားလည်စေရန် ပါဝင်သော Project
  152. Card Layout And Recyclerview နှစ်ခုကိုပေါင်းစပ်ထားသော Project
  153. Volley Library အသုံးပြုတည်ဆောက်ထားသော Project
  154. Publishing Android App (App တစ်ခု Publish လုပ်ပုံအဆင့်ဆင့်)
  155. Material Design (အသေးစိတ်ရှင်းလင်းပြထားသော Project)
  156. Android Design Support Library အကြာင်းအသေးစိတ်ရှင်းလင်းထားသော Project

  1. Game Development Platfrom အားနားလည်စေခြင်း။
  2. တစ်လျှောက်အသုံးပြုသွားမည့် Libraries များနှင့် Source Code များ အကြောင်း။
  3. 2D Game နှင့် 3D Game တို့အကြောင်း နားလည်မှု။
  4. 2D Game Development Engine များအကြောင်း။
  5. OpenGameArt နှင့် Blender တို့အကြောင်း မိတ်ဆက်။
  6. Overlap 2D အားနားလည်စေခြင်း။
  7. Box 3D နှင့် Game Development အနာဂါတ်။
  8. Game Development လေ့လာသူတိုင်းသိထားရမည့် အခြေခံ Game Progrmming Concepts။
  9. Programming တစ်ယောက် အနည်းဆုံး တတ်ထားရမည့် သင်္ချာ ပညာ။
  10. Android Studio Install ပြုလုပ်ခြင်း။
  11. LibGdx Support Plugin များအကြောင်း အခြေခံနားလည်မှု။
  12. Game Package တည်ဆောက်ရန်အတွက် Gdx Setup ပြုလုပ်ခြင်း။
  13. ပထမဆုံး Basic Game အား Run ကြည့်ခြင်း။
  14. Desktop Platform အတွက် Game Environment Setting ချခြင်း။
  15. Texture , Vertexs နှင့် Shaders များအကြောင်း နားလည်ထားခြင်း။
  16. Screen ပေါ်သို့ Texture Rendering ပြုလုပ်ခြင်း။
  17. Sprite အကြောင်းနားလည်ထားခြင်း။
  18. Screen ပေါ်သို့ Sprite အား Rendering ပြုလုပ်ခြင်း၊။
  19. Texture Region အကြောင်း နားလည်ထားခြင်း ။
  20. Texture Region အား Screen ပေါ်သို့ Rendering ပြုလုပ်ခြင်း။
  21. Sprite များ အကြောင်းနားလည်ထားခြင်း။
  22. Screen ပေါ်သို့ Sprites များ Rendering ပြုလုပ်ခြင်း ။
  23. Screen ပေါ်နှိပ်လိုက်သည့် နေရာအား ဖမ်းခြင်း ။
  24. User input ပေါ်မှုတည်၍ Coordinate များ ပြောင်းလဲခြင်း။
  25. Touch Platform နှင့် KeyInput Platform နှစ်ခုလုံးအတွက် Inputs များ မျှတစေခြင်း။
  26. TextureAtlas များအား Keyframes များနှင့် တွဲ၍ Game Animation တည်ဆောက်ခြင်း။
  27. Game Screen မြင်ကွင်းအား ဖန်တီးပေးသည့် Camera Projection Metrix အားနားလည်ထားခြင်း။
  28. Camera Panning Mode အား Detact လုပ်ခြင်း။
  29. Actor ၏ရွှေ့လျှား မှုပေါ်မှုတည်၍ Camera Projection အားပြောင်းလဲစေခြင်း ။
  30. Actors Objects များအား အလွယ်တစ်ကူ ဖန်တီးခြင်း။
  31. Actor Class အား သီးသန့်တည်ဆောက်၍ ခေါ်ယူအသုံးပြုခြင်း။
  32. Actor နှင့် Input တို့အား Distance နှင့် Radius ပေါ်မှုတည်၍ တွက်ချက်ခြင်း ။
  33. Self control Actor Class အားဖန်တီးတည်ဆောက်ခြင်း ။
  34. Collision အား နားလည်ခြင်းနှင့် အသုံးပြုနိုင်သည့် နည်းပညာ နှစ်မျိုးအကြောင်း။
  35. Pixel map အကြောင်းနားလည်စေခြင်း။
  36. Blender အားအသုံးပြုခြင်း။
  37. Overlap 2D အားအသုံးပြုခြင်း။
  38. Game Resources များ ရှာဖွေခြင်း။
  39. တည်ဆောက်သွားမည့် Game အကြောင်း နားလည်ထားခြင်း (GDD)
  40. Gamer Package အားတည်ဆောက်ခြင်း
  41. Game Screen အားလုံးအတွက် အမြဲလိုအပ်သည့် Template တည်ဆောက်ခြင်း
  42. Game Screen များအား ထိန်းချုပ်မည့် Game State Manager တည်ဆောက်ခြင်း
  43. Menu Screen စတင်ဖန်တီးခြင်း
  44. Menu Screen အား စတင်ဖော်ပြခြင်း
  45. Player State အားစတင်ဖန်တီးခြင်း
  46. Menu Screen မှ Player Screen သို့ပြောင်းလဲခြင်း
  47. Orthographic Camera အား ချိန်ညှိ၍ Actor အားပုံကြီးချဲ့ခြင်း
  48. FrameLogger တစ်ခုတည်ဆောက်၍ စက္ကန့်တိုင်း Frame 60 render လုပ်ခြင်းအား သေချာစေခြင်း
  49. Actor ၏ position နှင့် Velocity အားထိန်းချုပ်မည့် Actor Class အားတည်ဆောက်ခြင်း
  50. Actor လှုပ်ရှားမှုအား Time Base Animation အဖြစ်ပြောင်းလဲ အဆင့်မြင့်တင်ခြင်း
  51. အတားအစီးတစ်ခု စတင် ဖန်တီးခြင်း
  52. အတားအစီးအားနေရာချထားခြင်း
  53. အတားအစီးများပိုမိုထည့်သွင်းခြင်း
  54. Actor အား Horizontal ရွှေ့လျှားစေခြင်း
  55. အတားအစီးနှင့်ထိခိုက်မှုရှိမရှိ (Collision Detaction) အားစစ်ဆေးခြင်း
  56. Memory Leaking နှင့် Memory Overflow မဖြစ်စေရန် Resources များအား Dispose လုပ်ခြင်း
  57. Game Screen အားပိုမိုလှပစေရန် Resources များထပ်မံဖြည့်သွင်းခြင်း၊
  58. Actor အား Animation ထည့်သွင်းခြင်း
  59. နောက်ခံ အသံနှင့် Event Driven Sound များထည့်သွင်းခြင်း၊
  60. Android, iPhone, Window, Linux, Mac Platform တို့အတွက် Porting လုပ်ခြင်း၊
  61. Game အား ဖြန့်ချိခြင်း

   TrustCopter Game အား အစအဆုံး တည်ဆောက်ခြင်း
   Mobile POS Appliation တစ်ခု အစအဆုံး ရေးသားခြင်း

အောက်ပါ Section ၄ ခုမှ နှစ်သက်ရာ Section ၁ ခုကို ရွေးချယ် တက်ရောက်နိုင်သည်။ တနင်္လာ မှ သောကြာ အထိ တက်ရောက်ပါက တစ်ပတ် ၅ ရက် တစ်ရက် ၂ နာရီ တက်ရမည်။ စနေ တနင်္ဂနွေ တက်ပါက တစ်ပတ် ၂ ရက် တစ်ရက် ၄ နာရီတက်ရမည်။

သင်တန်းချိန်
Section 1 => Mon-Fri => 4PM to 6PM
Section 2 => Mon-Fri => 6PM to 8PM
Section 3 => Sat-Sun=> 11AM to 3PM
Section 4 => Sat-Sun=> 3PM to 7PM

ရန်ကုန် သင်တန်းနေရာ
Brighter Myanmar
48-C ၊ ဒုတိယထပ်စံရိပ်ငြိမ် 2 လမ်းနှင့် 3 လမ်းကြား၊
အင်းစိန်လမ်းမ၊လှည်းတန်း၊ကမာရွတ်မြို့နယ်၊
ဖုန်း => 09259165884, 09772906583, 09773122760

သင်တန်းကြေး => ၃ သိန်း
သင်တန်းကာလ => ၃ လ
သင်ကြားမည့် ဆရာများ
1. Waiferkolar
2. Cracky Shine
3. Wai Yan
4. Hnin Nwe
5. Aung Pyae Paing
6. Min Thet Naing
7. Kyaw Kyaw Htike
8. Myo Thant Kyaw
9. Thuyein Soe
11. Than Zaw Oo
12 Nay Lin Oak
13 Sai Lou Kham
လစဉ်သင်တန်းခွဲများ ဖွင့်လှစ်သင်ကြားပေးပါသည်၊

မန္တလေး သင်တန်းနေရာ
Brighter Myanmar
84 လမ်း 39-40 ကြား၊ မဟာအောင်မြေရပ်ကွက်
မန္တလေးမြို့
ဖုန်း => 09259165884, 09772906583, 09773122760

အဓိက လိုအပ်ချက်မှာ နားမလည်သည့်အချက်အား ချက်ချင်းမေး၍ လက်တွေ့ လိုက်လုပ်ရန် ၊ ပြန်လည်လေ့ကျင့်ရန်ဖြစ်ပါသည်၊ သင်ကိုယ်တိုင်ကြိုးစားလျှင် ပညာရပ်မှာ ခက်ခဲလွန်းသည့်ဘာသာရပ်မဟုတ်၍ မတတ်စရာ အကြောင်းမရှိပါ၊ သင်ကြားမှုအား ရှင်းလင်းတိကျစေရန်အာမခံပါသည်။ နေ့စဉ်သင်ကြားသမျှကို ဗွီဒီယို သင်ခန်းစာအဖြစ်ကော၊ PowerPoint ဖိုင်များအပါအ၀င် နေ့စဉ် roadmap ဖိုင်များအဖြစ်ပါ သင်ခန်းစာ သင်ပြီးတိုင်း ပေးသွားမည်ဖြစ်၍ ပြန်လည်လေ့ကျင့်ရာတွင် ဆရာတစ်ယောက်က ရှေ့တွင်လာရှင်းပြသကဲ့သို့ လွယ်ကူစွာလေ့လာသွားနိုင်မည်ဖြစ်ပါသည်၊ သင်တန်းပြီးဆုံးပါက သင်ထားသည့်သင်ခန်းစာများအား ကောင်းကောင်း လိုက်လုပ်နိုင်၊ဖြန့်ကျက်တွေးခေါ်နိုင်လျှင် 72coder Software Developer co.ltd တွင် အလုပ်ပြန်လုပ်နိုင်သလို 72coder ကုမ္ပဏီ နှင့်ချိတ်ဆက်ထားသော ပြည်ပကုမ္ပဏီများ တွင် အလုပ် လုပ်ကိုင်လိုပါကလည်း ချိတ်ဆက် အလုပ်သွင်းပေးမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက ကြိုးစားလေ့လာသူများ ဖြန့်ကျက်တွေးခေါ်နိုင်သူများကို ဆန္ဒရှိပါက အလုပ်ပြန်ခန့်အပ်သွားမှာဖြစ်ပြီး ကနဦး Job Training ၃ လ ဆင်းရပါမယ်၊ တစ်လကို ၁ သိန်း ၅ သောင်း ခံစားခွင့်ရှိပါတယ်၊ Job Training ပြီးရင်တော့ လစာ ၂ သိန်း ၅ သောင်းကစပြီး အလုပ်ဝင်ရမှာဖြစ်ပါတယ်၊ လစာဆက်လက်တိုးပေးပုံကိုလည်း လူကိုယ်တိုင် အသေးစိတ် လာရောက်တိုင်ပင် မေးမြန်းနိုင်ပါတယ်။

ကျွန်တော်တို့ ကိုယ်တိုင် Software Development ကုမ္ပဏီတည်ဆောက်ပြီး Japan နိုင်ငံမှ Outsource များ ရယူ ရေးသားပေးနေသလို ပြည်တွင်း Projects များကိုလည်း လက်တွေ့ လုပ်ကိုင်နေသည့် အဖွဲ့အစည်းဖြစ်ပါတယ်၊ လက်တွေ့လုပ်ငန်းခွင်မှာ Web Designer တစ်ယောက်၊ Web Developer တစ်ယောက်၊ Programmer တစ်ယောက်အနေနဲ့ ဘယ်လို အရည်အချင်းတွေလိုအပ်မယ် ဘယ်အတိုင်းအတာထိ ကြိုးစားအားထုတ်မှုရှိရမယ် ဆိုတာကို အသေးစိတ် သင်ပြနိုင်တဲ့ လက်တွေ့ အတွေ့အကြုံတွေရှိပါတယ်၊ သင်တန်းတက်ရောက်သူများကိုလဲ အရည်အချင်းပြည့်အောင် ဖြည့်ဆည်းပေးပြီး သေချာ လိုက်ကြိုးစား သူတွေကို ကျွန်တော်တို့နဲ့ အတူ အလုပ်တွဲဖက်လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးထားပါတယ်၊ ကျွန်တော်တို့နဲ့ လက်တွေ့ အလုပ်တွဲလုပ်လိုသည်ဖြစ် စေ ၊ ကိုယ်ပိုင် ရပ်တည်လိုသည်ဖြစ်စေ အရည်အသွေးပြည့်ဝတဲ့ Designer တွေ Developer တွေဖြစ်အောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ သင်တန်းကိုလာရောက်ပြီး လူကိုယ်တိုင်စကားပြောကြည့်နိုင် ဆွေးနွေးကြည့်နိုင်ပါတယ်၊ IT ပညာရပ်တွေကိုလေ့လာပြီး သင်တန်းလဲ ပြီးကော ဘာလုပ်ရမှန်း မသိ အတွေ့အကြုံ မရှိလို့ အလုပ်မလျှောက်နိုင် ဖြစ်နေတဲ့ လေ့လာသူတွေဘဝကို ကျွန်တော်တို့ကောင်းကောင်းနားလည်ပါတယ်၊ သင်ထားတာက တစ်ခု အလုပ်မရလို့ ဘဝရပ်တည်မှုအတွက် အဆင်ပြေရာ အလုပ်တစ်ခုဝင်လုပ်ရင်း IT နဲ့ အလှမ်းဝေးသွားတဲ့ လေ့လာသူတွေကို ကူညီဖို့အတွက် ကျွန်တော်တို့ သင်တန်းကိုဖွင့်လှစ်သင်ကြားပေးခြင်းပါ၊ ကျွန်တော်တို့ အနေနဲ့ ပြည်တွင်းပြည်ပမှ Projects များများရအောင် အစဉ်အမြဲ ကြိုးစားနေပါတယ်၊ ရလာတဲ့ Projects တွေကိုလည်း ကျွန်တော်တို့ သင်တန်းကျောင်းမှာ တက်တဲ့ ကျောင်းသားတွေကို ပြန်လည်လုပ်ကိုင်စေခြင်းအားဖြင့် ရေရှည် ခိုင်မာ ရပ်တည်နိုင်အောင် အစဉ်အမြဲ ကြိုးစားနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်၊ ဆရာတစ်ယောက်ချင်းစီရဲ့ အရည်အချင်း ၊ အတွေ့အကြုံ ၊ လက်တွေ့ လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းများအားလုံးကို လည်း 72coder.org Website မှာ အသေးစိတ်ကြည့်ရှု့လေ့လာနိုင်ပါတယ်၊ သင်ကြားသွားမယ့် သင်ခန်းစာ စာရင်းတွေကိုလည်း 72coder.org ရဲ့ သက်ဆိုင်ရာ သင်ခန်းစာ ခေါင်းစဉ်အောက်မှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။