Availability :Stock

PHP with Laravel 5.3 Book

  • Number of Pages: 324
  • Video lessons: 100 more
  • Price: 20000 kyats

မြန်မာနိုင်ငံရဲ့ ဈေးကွက်လိုအပ်ချက်

အရည်အချင်း ရှိတဲ့ Developer တွေက ကိုယ်ပိုင် ကုဒ်ပဲ ရေးချင်တာပါ။ သူများ ရေးထားတဲ့ snippet တစ်ခုကိုဖြစ်စေ Framework တစ်ခုကိုဖြစ်စေ ယူသုံးရမှာ ရှက်တက်ကြပါတယ်။ ကိုယ်ပိုင်ရေးတယ်ဆိုရာမှာ လည်း System တစ်ခုကို Develop လုပ်ရသလို အချိန်မရွေးပြုပြင်လွယ်အောင် လိုအပ်တဲ့ Functionalities တွေကို ထပ်ဖြည့်ရာမှာ ရေးခဲ့ပြီးသား snippets တွေကို ထိခိုက်မှုမရှိအောင်၊ Database Design ကို သေသပ် read more အောင်၊ လုံခြုံရေးအားနည်းချက်မရှိအောင်၊ ဘာသာရပ် အမျိုးမျိုး Support ပေးနိုင်အောင် စသဖြင့် စီစဉ်ရတဲ့အချက်တွေများစွာပါဝင်ပါတယ်။ အနိမ့်ဆုံး Blog System လေး တစ်ခု တည်ဆောက်မယ်ဆိုရင်တော့ Permission ခွဲခြားခြင်း၊ သတ်မှတ်ထားသည့် Permission အလိုက် Post Management လုပ်ခြင်း (create,edit,update,delete)၊ User Management လုပ်ခြင်း၊ Multimedia Support ပေးတဲ့ post ဖြစ်အောင် တည်ဆောက်ခြင်း၊ အသင်းဝင်များအတွက် Membership System တည်ဆောက်ခြင်း၊ Post များအတွက် Comment System များတည်ဆောက်ခြင်း၊ လုံခြုံရေးအတွက် HTTP Request များအား Filtering လုပ်ခြင်း၊ Localization ထည့်သွင်း၍ ဝက်ဆိုဒ်မှာ ဘာသာရပ် အမျိုးမျိုးကို Support လုပ်ပေးခြင်း စသဖြင့် ရေးသားရမယ့် Snippets တွေအများကြီးပါဝင်ပါတယ်။ ရေးသားရာမှာလည်း Developer အနေနဲ့ PHP basic, Intermediate လောက်တက်ရုံနဲ့ ရေးသားလို့မဖြစ်နိုင်ပါဘူး၊ Advanced အဆင့်အထိတက်လဲ အတွေ့အကြုံကောင်းကောင်းမရှိရင် reusable ဖြစ်အောင်ရေးသားဖို့ Frontend နဲ့ Backend မညှိပဲ Designer ကော Developer ပါ လွတ်လပ်စွာ မိမိကဏ္ဍကို ရေးနိုင်အောင်တည်ဆောက်ဖို့၊ MySQL Injection နဲ့ Cross-Side Scripting Attact တို့လိုမျိုး တိုက်ခိုက်မှုများကို ထိန်းနိုင်ဖို့မလွယ်ပါဘူး၊ ဘက်စုံပြည့်စုံအောင် ရေးနိုင်ပြီဆိုရင်တောင်မှ အနိမ့်ဆုံး Blog System တစ်ခုအတွက် 5 သိန်းလောက် တောင်းရင်တောင် Customers တွေက ငြိုငြင်တာကို လက်တွေ့တွေ့ရမှာပါ၊ တကယ်တော့ System Developer တစ်ယောက်အတွက် Blog System တစ်ခုကို တည်ဆောက်ရင် သိန်း ၁၀၀၀ (တစ်ထောင်) လဲ တောင်းခွင့်ရှိပါတယ်၊ 5 သိန်း (or) 10 သိန်းလောက်က Design ပိုင်းသီးသန့် အတွက် ဆိုရင်တောင် မတန်သေးပါဘူး၊

ဈေးကွက်လိုအပ်ချက်နဲ့ Developer ရဲ့ အရည်အချင်း လိုအပ်ချက်က မမျှတဘူးဖြစ်နေပါတယ်၊ ပေးနိုင်တဲ့ ဈေးက နည်းနည်း ပဲဖြစ်ပေမယ့် Developer အတွက် အရည်အချင်းနဲ့ အချိန်ကတော့ အများကြီးပေးဆပ်ရပါတယ်၊ ဒီတော့ လွယ်ကူတဲ့ CMS (Content Management System) တွေဖြစ်တဲ့ Wordpress, Joomla, Drupal တို့လို Drag & Drop System တွေကိုသုံးမယ်ဆိုပြီး အများ စုသော အဖွဲ့အစည်းတွေက ဆုံးဖြတ်ကြ ပါတယ်၊ ဒီဖြေရှင်းချက်ကလည်း ယာယီသာ ပြဿနာကို ပြေလည်သွား နိုင်စေပေမယ့် ရည်ရှည်မှာတော့ Customer ရဲ့ တောင်းဆိုမှု စိတ်ကြိုက် Customize လုပ်လိုမှုကို လုံးဝမဖြေရှင်း ပေးနိုင်ပါဘူး၊ ဥပမာ Wordpress လို ဆိုဒ်မျိုးက Blog System အတွက် သီးသန့်ဖြစ်ပြီး Membership System ပါထည့်သွင်းချင်ရင် Plugin features တွေသုံးနိုင်ပေမယ့် Payment System မျိုးမှာတော့ ပြည့်တွင်းမှာ သုံးခွင့် မရှိသေးတဲ့ Paypal Internet Banking System မျိုးကိုပဲ သုံးနိုင်သေးတာမျိုး၊ ပြည်တွင်းမှာ KBZ တို့ CB တို့က Support လုပ်ပေးထားတဲ့ Payment System အတွက် Develop လုပ်ဖို့ဆိုရင် အဆင်လုံးဝမ​ပြေတာမျိုးကိုတွေ့ရမှာပါ၊ ဒီတော့ Wordpress လို Blog System မှာ woo-commerce တို့ Wpestore တို့လို plugin ထည့်သွင်းပြီး ပစ္စည်းအချို့ကို ရောင်းချနိုင်တယ်ဆိုပေမယ့် ရည်ရှည်မှာ တော့ Blog Feature ထက်ပိုပြီး ထည့်မိရင် ဆိုးကျိုးကိုသာခံစားရပါတယ်၊ 5 သိန်းလောက်နဲ့ Develop လုပ်မိတဲ့ Web Based Programming မတတ်သူတွေအနေနဲ့လည်း low level customize လုပ်ဖို့ လိုလာရင် ဘာမှမလုပ်တတ်တော့ပဲ Customer အတွက် လုံးဝမဖြစ်နိုင်ပါဘူး၊ ဦးသိန်းစိန် အစိုးရလက်ထက်က သမ္မတရုံး တိုင်ကြားစာကို pdf အနေနဲ့ ပေးပို့ခွင့်ပြုတော့ pdf ဖိုင်တင်တဲ့သူတွေ သူတို့တင်တဲ့ဖိုင်တွေ မအောင်ဘဲ အမှားရှိနေတဲ့ Ajax နဲ့ PHP class ကိုဖော်ပြနေတဲ့ လင့်​တွေတွေ့ရတဲ့ ပြဿနာမျိုးပါ၊ ဒါမျိုးက Joomla တို့ Druple တို့သုံးပြီး Programming တစ်ခုခုမတက်ဘဲ တည်ဆောက်လို့ တွေ့ကြုံရတဲ့ ပြဿနာဖြစ်ပြီး ဖြေရှင်းရတာလည်း အရမ်းကိုခက်ခဲပါတယ်၊ နောက်က ရေးထားတဲ့ Framework တစ်ခုလုံးကို ထိခိုက်မှုမရှိအောင် ပြုပြင် ရတာပါ၊ ဒီတော့ 3 သိန်း 5 သိန်း တန်ဆိုဒ်တွေ ကို Magento, Wordpress, Joomla, Drupal တို့လို ဆိုဒ်တွေအသုံးပြုပြီးဆွဲတာက မှန်ကန်တဲ့လုပ်ငန်းစဉ်မဟုတ်ဘူး၊ ဒီတော့ ဈေးကွက်ရဲ့ လိုအပ်ချက်က 5 သိန်း (or) ၁၀ သိန်းဝန်းကျင်နဲ့ long term support ကိုလိုချင်တာ၊ ဒီဈေးနဲ့ရနိုင်တဲ့ CMS system တွေကကျတော့ long term support နဲ့ Customization အတွက် အဆင်မပြေဘူး၊ ကိုယ်တိုင်ရေးမယ်ဆိုရင်လည်း 5 သိန်း (သို့) 10 သိန်းဆိုတဲ့ ဈေးကွက်ထဲကို ထည့်လို့မဖြစ်ဘူး၊ လိုအပ်ချက်နဲ့ ပေးနိုင်တဲ့ ပမာဏအမျှ အခြေအနေမှာ Laravel က အကောင်းဆုံးဖြေရှင်းချက်ဖြစ်သွားပါတယ်၊ ဘာကြောင့် Laravel လဲ Laravel က ဘာတွေလုပ်လို့ရသလဲ ဘယ်လောက်အထိ productivity (အချိန်အတိုင်းအတာ တစ်ခုအတွင်း product အမြန်ထုတ်နိုင်မှု) ဖြစ်လဲ၊

Laravel ဆိုတာဘာလဲ

Laravel ဆိုတာ PHP Framework တစ်ခုဖြစ်ပါတယ်၊ MVC (Model View Controller) Architecture ကိုအသုံးပြုပြီးဆောက်ထားတဲ့ php framework ဖြစ်ပြီး Web Application တွေကို လျှင်မြန်စွာ Develop လုပ်နိုင်ဖို့အတွက် ရည်ရွယ်တည်ဆောက်ထားတာဖြစ်ပါတယ်။

Laravel ရဲ့ အဓိက Features တွေဖြစ်တဲ့ လိုအပ်တဲ့ Development Package တွေကို Dependency Manager အသုံးပြုပြီး အလွယ်တကူ ရယူအသုံးပြုနိုင်တဲ့ modular packaging system, Database Handling အတွက် လွယ်ကူ ပြီး အမျိုးမျိုးသော လိုအပ်ချက်တွေအလိုက် စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်တဲ့ relational databases (Eloquent) , Application Development နဲ့ Maintainance ကို လွယ်ကူစေတဲ့ utilities များ၊ HTTP Request တွေအတွက် လုံခြုံမှုရှိအောင် filtering လုပ်ပေးတဲ့ Middleware ၊ Designer တွေအတွက် ဝက်ဆိုဒ် Develop လုပ်ရာမှာ အလွန်လွယ်ကူသွားစေတဲ့ အပြင် Back-end နဲ့ Front-End ကို လုံးဝခွဲထုတ်နိုင်တဲ့ Blade Template Engine Feature တို့အပြင် လက်တွေ့ အသုံးပြုရင်း ခံစားသွားရမယ့် ကောင်းမွန်တဲ့ Features တွေများစွာပါဝင်ပါတယ်။

Laravel အသုံးပြုထားတဲ့ နာမည်ကြီးဆိုဒ်များ

လက်ရှိ Laravel အသုံးပြုထားတဲ့ နာမည်ကြီးဆိုဒ်များ

  1. STARTUPS.CO ကတော့ လုပ်ငန်းစတင် တည်ထောင်သူများအတွက် Customer တွေရှာပေးဖို့ ရင်းနှီးမြုပ်နှံသူတွေရှာပေးဖို့ တည်ဆောက်ထားတဲ့ဆိုဒ်ဖြစ်ပြီး register လုပ်ထားတဲ့ users ပေါင်း ၁၃ သန်းကျော်ရှိပါတယ်၊
  2. TOYOTAHALLOFFAME.COM ကတော့ USA နဲ့ Canada နှစ်ခုတည်းကို အွန်လိုင်း ဘောလုံး ဂိမ်းကစားသူ သန်း ၃၀ ကျော်ရှိတဲ့ ဝက်ဆိုဒ်တစ်ခုဖြစ်ပါတယ်၊
  3. RV.CAMPINGWORLD.COM ကတော့ အွန်လိုင်းကနေ recreational vehicles (RVs) ရောင်းချခြင်း ဝယ်ယူခြင်း ပြုလုပ်နိုင်တဲ့ ဆိုဒ်တစ်ခုဖြစ်ပြီး diagnostic, repair, maintainance, warranty, collision, and installation တို့လို ဝန်ဆောင်မှုတွေအားလုံးပေးပါတယ်၊
  4. GLOBALDIETARYDATABASE.ORG ကတော့ Data Collection ဝက်ဆိုဒ်တစ်ခုဖြစ်ပါတယ်၊
  5. EXPLOREGEORGIA.ORG ကတော့ အမေရိကန် Georgia ပြည်နယ်က Department of Economic Development ရဲ့ Tourism ဝက်ဆိုဒ်တစ်ခုဖြစ်ပါတယ်၊
  6. CEENTA.COM ကတော့ North Carolina က နာမည်ကြီး ဆေးရုံတစ်ခုရဲ့ ဝက်ဆိုဒ်ဖြစ်ပါတယ်၊
  7. INVICTAWATCH.COM ကတော့ အမေရိကန် နာရီကုမ္မဏီ တစ်ခုဖြစ်တဲ့ Invicta Watch Group ရဲ့ ဝက်ဆိုဒ်ဖြစ်ပါတယ်၊
  8. RATEMYAPPRENTICESHIP.CO.UK ကတော့ ကျောင်းသူကောင်းသားတွေအတွက် လိုအပ်တဲ့ ပညာသင်ဆုလျှောက်ထားမှု နဲ့ အခွင့်အလမ်းများအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေ ကိုပေးတဲ့ ဝက်ဆိုဒ်တစ်ခုဖြစ်ပါတယ်၊
  9. FOX47.COM ကတော့ သတင်းဝက်ဆိုဒ်တစ်ခုဖြစ်ပြီး Televistion Affiliate Program များကို ကြေငြာ ပေးတဲ့ Video , Blog contents တွေပါဝင်တဲ့ ဆိုဒ်ဖြစ်ပါတယ်၊
  10. YULAIR.COM ကတော့ ကနေဒါ နိုင်ငံမှာ ဈေးနှုန်း အသင့်ဆုံး လေကြောင်းလိုင်းကို ရှာဖွေပေးတဲ့ ဝက်ဆိုဒ်တစ်ခုဖြစ်ပါတယ်၊ Localization အတွက် Laravel features တွေကိုအပြည့်အ၀သုံးထား ပါတယ်၊ Canada နိုင်ငံရဲ့ အကောင်းဆုံး ဝက်ဆိုဒ်လို့တောင်ဆိုကြတာပါ၊
  11. LARACASTS.COM ကတော့ Laravel အသုံးပြုပြီးတည်ဆောက်ထားတဲ့ E-learning System တစ်ခုဖြစ်ပါတယ်၊


Order to Buy Book
အနီးဆုံး ကားဂိတ်သို့ အရောက် ပို့ဆောင်မှာ ဖြစ်တဲ့အတွက် ပို့ဆောင်ရမည့် နေရာ တိတိကျကျ ဖြည့်စွက်ပါ။